Arc-3.2

2.2K 388 39
                                    

°°° Unicode °°°

ကျင့်ကြံခြင်း​လောကမှာ ၀ိညာဥ်​သွေး​ကြောပါတဲ့ သူတိုင်းကကျင့်ကြံလို့ရတယ်.

သူတို့က နာမည်​ကျော်ဂိုဏ်းကြီး​တွေရှိတဲ့​နေရာမှာ ​မွေးဖွားလာခဲ့တာမဟုတ်ဖူးဆိုရင်​တောင် အဲ့ဒီဂိုဏ်းကြီး​တွေဆီကို လိုလိုချင်ချင်သွားကြတယ်.

အဲ့ဒါ​ကြောင့် ဒီ​လောကရဲ့ အဓိကအချက်က​တော့ အင်အားကြီးတဲ့သူကသာ အဆက်မပြတ်အင်အားကြီး​နေမယ်ဆိုတာပါပဲ.

၃နှစ်ကြာတိုင်းမှာ မြူခိုးတောင်ဂိုဏ်းက ​သေမျိုး​လောကကို လူသစ်​တွေစု​ဆောင်းဖို့ သွား​လေ့ရှိတယ် . လူသစ်စု​ဆောင်းဖို့သွားတိုင်းမှာ ဂိုဏ်းကလူ​​ဟောင်းတွေအများကြီးကို ​ခေါ်သွားရ​လေ့ရှိ​ပေမယ့် သူတို့နဲ့အတူပြန်ပါလာတဲ့တပည့်အသစ်​တွေက​တော့ နည်းပါးလွန်းတယ်.

ရှင်းရှင်း​ပြောရမယ့်ဆိုရင်​တော့ ၁၀​ယောက်​လောက်သွားကြတဲ့ တပည့်​ဟောင်းအုပ်စုကြီးက​ခေါ်လာနိုင်မယ့် တပည့်အသစ်ဆိုတာ ၁​ယောက်​တောင် ရှိချင်မှရှိလိမ့်မယ်.

ဒီအ​ခြေအ​နေကိုကြည့်လိုက်မယ်ဆိုရင် ​သေမျိုး​လောကမှာရှိတဲ့ ၀ိညာဥ်​သွေး​ကြောပိုင်ရှင်​တွေဆိုတာ အရမ်းကိုနည်းပါးလွန်းတယ်.
ရလာမယ့်ကျင့်ကြံသူ အ​ေရအတွက်ကနည်းပါးလွန်းတယ်ဆိုရင်​တောင်  သူတို့​တွေက ဘာလို့ ​သေမျိုး​လောကကိုဘာလို့သွားရှာ​နေရ​သေးတာလဲ?

အ​ဖြေကရှင်းရှင်း​လေးပါ....

ကျင့်ကြံခြင်း​လောကမှာ အင်အားကြီးမားလာတဲ့အ​ကျော်အ​မော်​တွေအားလုံးရဲ့အ​ရေအတွက်ထက်၀က်နီးပါးဟာ ​​သေမျိုး​လောကကလာခဲ့သူ​တွေဖြစ်​နေတယ်

ချီစွမ်းအင်နည်းပါးလွန်းတဲ့​ သေမျိုး​လောကက​နေ ဒီလိုပါရမီရှင်​တွေဘာ​ကြောင့်,ထွက်​ပေါ်လာရသလဲဆိုတဲ့ အ​ကြောင်းအရင်းကိုဘယ်သူမှရှာမ​တွေ့နိုင်ခဲ့​သေးပါဘူး.

လူသစ်​တွေအများကြီးရနိုင်ဖို့​ မျှော်လင့်ချက်မရှိနိုင်​ပေမယ့်လည်း ဂိုဏ်းကြီး​တွေက​တော့ အဲ့ဒီအ​ကြောင်း​ကြောင့်မို့လို့ ​သေမျိုးကမ္ဘာကို တပည့်သစ်စု​ဆောင်းဖို့သွား​နေကြတုန်းပဲ

Final Boss Is No JokeWhere stories live. Discover now