➡️Unicode
ရှောင်ဝေကရှီရှန်းပြောတာတွေကို မယုံကြည်ပေမယ့်လည်း မိန်းမတွေရဲ့စပ်စုတတ်တဲ့ရောဂါကိုအရှုံးပေးလိုက်ရတော့တာပါပဲ
အဆုံးမှာတော့ သူမက အဆောင်ရှေ့မှာ စုရီရီကိုစောင့်နေလိုက်တော့တယ်.စုရီရီကနန်ကုန်းကျင်းရဲ့ကားထဲကထွက်လာတာကိုမြင်မြင်ချင်းပဲမနာလိုဖြစ်သွားတဲ့ရှောင်ဝေက ဗီလိန်ပီပီ အန္တရာယ်ရှိတဲ့လမ်းကိုမိုက်မိုက်ကန်းကန်းတိုး၀င်တော့တယ်.
နန်ကုန်းကျင်းထွက်သွားတာနဲ့ရှောင်ဝေက စုရီရီကိုတွန်းပြီး ပါးရိုက်လိုက်တယ်."သူချမ်းသာတယ်ဆိုတာနဲပဲ တခြားလူတွေကိုအနိုင်ကျင့်လို့ရတယ်ထင်နေလား မသိဘူး" ရှနဥ်ရဲ့မျက်နှာကဒေါသတွေအပြည့်နဲ့ပြောလိုက်တယ်
ဒီအဆောင်ခန်းထဲမှာရှိတဲ့လူတွေကရှီရှန်းကလွဲရင် အကုန်သာမန်မိသားစုကလူတွေချည်းပဲ.ဒါပေမယ့်သူတို့က ရှောင်ဝေကိုသိကြတယ်ဆိုတာကတော့ သူမက နဲနဲလောက်ထင်ရှားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေလို့ပါ
ဒါပေမယ့်စုရီရီကတော့ သူ့အတွက်ဒေါသထွက်ပေးနေတဲ့ဘေးနားကနှစ်ယောက်ကိုဂရုမစိုက်အားဘူး
~ရွှီချန်ယွဲ့ကဘာလို့ဒီရောက်နေရတာလဲ သူ့ကြည့်ရတာဒီမှာလာနေတော့မယ့်ပုံပဲ သူငါ့ကိုလက်စားချေဖို့ကြံစည်နေတာလား~စုရီရီရဲ့စိတ်တွေရှုပ်ထွေးနေတဲ့အချိန်မှာပဲ ရွှီချန်ယွဲ့ရဲ့ဖုန်းringtoneထမြည်တယ်
ချူးထန်ရဲ့နာမည်ကိုဖုန်းscreenပေါ်မှာမြင်လိုက်တော့ ရှီရှန်းရဲ့မျက်နှာတစ်ခုလုံးမဲမှောင်သွားရတယ်
~ငါသူ့ကိုနေ့တိုင်းmessageပို့ပေမယ့်သူreplyပြန်ချင်မှပြန်တယ်.အဲ့ဒါကြောင့်သူငါ့ကိုစိတ်မ၀င်စားတော့ဘူးလို့ငါထင်နေတာ.တကယ်လို့သာငါ့အပေါ်လုံး၀စိတ်ကုန်သွားပြီဆိုရင် အခုဘာကိစ္စဖုန်းခေါ်ရတာလဲ~
အဲ့လိုတွေးနေရင်းနဲ့ ဖုန်းမကိုင်ပဲ ၁၀စက္ကန့်လောက်ကြာသွားရတယ်.
အခန်းထဲမှာအလုပ်ရှုပ်နေကြတဲ့၃ယောက်ရဲ့အသံတွေကိုလျစ်လျူရှုပြီးရှီရှန်းကဖုန်းကိုပြန်ဖြေလိုက်တဲ့အခါမှာ "အောက်ထပ်ကိုဆင်းခဲ့"ဆိုပြီးအေးအေးဆေးဆေးပြောလိုက်တဲ့အသံကိုကြားလိုက်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...