°°°Unicode °°
တစ်ခနလောက် ကြောင်အပြီးသွားတဲ့အခါမှာတော့ ရှီရှန်းကသတိ၀င်လာတယ်
အမျိုးသားဇာတ်လိုက်ကို အတင်းဆွဲပြီးသူဘက်ကိုပြေးလာနေတဲ့ ယဲ့ချင်ချိုးကိုမြင်မြင်ခြင်းပဲ ဒုက္ခရောက်တော့မယ်ဆိုတာကို ရှီရှန်းက ခံစားမိတာကြောင့် စပြေးတော့တယ်
'အား!!!!ငါကဘာကိစ္စပြေးနေရတာလဲ ..ဟိုသတ္တ၀ါက ငါ့နောက်လိုက်လာတာမှ မဟုတ်တာ!!!ဇာတ်လိုက်မနဲ့ တွေ့ပါများတော့ ငါ့ရဲ့ IQတွေလည်း လျော့ကျကုန်ပြီထင်တယ်......'
ရှီရှန်းတို့က ဘေးကိုကွေ့ပြေးဖို့ လုပ်နေတုန်းမှာပဲ သတ္တ၀ါကြီးကလည်း လိုက်ကွေ့လာပြီးသူမတို့ရှေ့မှာပိတ်ထားတယ်
ရှီရှန်း"......."
'ခုနတုန်းကပြောတော့နဂါးဆို...ဘယ်လိုဖြစ်လို့မြွေပြောင်းသွားရတာလဲ'
ဒီအကောင်ကြီးက စပါးကြီးမြွေနဲ့တူပြီး ၁၅မီတာလောက်အရှည်နဲ့ လူသုံးယောက်တစ်ပွေ့စာလောက် တုတ်ခိုင်တယ်
မြွေကြီးက ပါးပြင်းထောင်လာပြီး သူမတို့ကိုဒေါသတကြီးကြည့်နေတယ်သူ့အမြီးယမ်းလိုက်တိုင်းဘေးမှာရှိနေတဲ့သစ်ပင်တွေကတစ်ပင်ပြီးတစ်ပင်လဲကုန်တယ်
ယဲ့ချင်ချိုးကလည်း တွေေဝသွားတယ် စောစောကသူမမြင်လိုက်တာ သေချာပေါက်နဂါးကြီးပါ..ဘယ်လိုလုပ်မြွေဖြစ်သွားရတာလဲ
'ကြည့်ရတာ..ကောင်းကင်ဘုံက ငါ့ဘက်မှာရှိနေတဲ့ပုံပဲ '
ဂျိမ်း!!!!ဂျိမ်း!!!!
စောစောကကြည်လင်နေတဲ့ ကောင်းကင်က တိမ်မဲတွေဖုံးအုပ်သွားကာ လျှပ်စီးတ၀င်း၀င်းဖြစ်လာပြီး ယဲ့ချင်ချိူးရဲ့အတွေးကို သဘောတူလိုက်တဲ့အတိုင်း မိုးတွေခြိမ်းလာတယ်
တိမ်မဲတွေကထူထဲနေလွန်းလို့ သူမတို့ဆီကိုတောင်ပြိုကျလာတော့မလိုပဲ"သေစမ်း!!!! ပြေးဟ....."
ရှီရှန်းကကျယ်လောင်စွာအော်ဆဲပြီးတော့ တခြားဖက်ကိုထွက်ပြေးသွားတယ်
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...