°°°Unicode °°°
"စကားပြောနေတာရပ်ပြီးသူမကိုမြန်မြန်တက်ပြီးဖမ်းကြစမ်းပါ!!"
အမိန့်ပေးလိုက်တာကြောင့်သူတို့က သူတို့လုပ်ရမယ့်အရာဆီပြန်ပြီးအာရုံစိုက်သွားကြတယ်
"ငါသူတို့ကိုဖမ်းမထားဘူး..ဒါပေမဲ့ဘယ်သူလုပ်တာလဲဆိုတာကို မင်းတို့သိချင်ရင်တော့ငါပြောပြပေးနိုင်တယ်...သိကြရဲ့လား"
ရှီရှန်းကပြုံးပြုံးကြီးနဲ့ပြန်ပြောတယ်
"မင်းမဟုတ်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါမျိုးတွေလုပ်တာ မင်းကလွဲပြီးဘယ်သူရှိသေးလို့လဲ"
သူတို့တွေဒီလိုပြောနေပေမဲ့မျက်နှာမှာတော့သံသယတွေနဲ့ပြည့်နေတယ်
ပြီးတော့အရာအားလုံးကိုအသေးစိတ်သိကြတာလည်းမဟုတ်ကြဘူးလေ
အဲဒါကြောင့် လုံ့ကျွယ်နဲ့ထုန်းတောင်ဂိုဏ်းချုပ်ပြောတာကို နားထောင်ရုံက လွဲပီးမတတ်နိုင်ကြဘူး
ယဲ့ချင်ချိုးကတော့ ကြောက်လန့်သွားပြီး သူမကိုစိုက်ကြည့်နေတဲ့ ရှီရှန်းကို ပြန်မော့ကြည့်လိုက်တယ်.
သူမကိုလှောင်ရယ်တဲ့ အပြုံးပြုံးပြနေတဲ့ ရှီရှန်း ရဲ့မျက်လုံးတွေက ရေသေလိုမျိုးတည်ငြိမ်နေတယ်
'ဒီမိန်းမသေကိုသေရမယ်!!'
"ရှန်းရှူ နင်ကများငါတို့ကို သွေးထိုးဖို့ကြံစည်နေတာလား"
ယဲ့ချင်ချိုးကစကားစပြောလိုက်တယ်
"အားလုံးပဲ..,သူကအချိန်ဆွဲနေတာ.အဲ့အတွက် အခွင့်ရေးမပေးလိုက်နဲ့"
သူမသတိပေးလိုက်တာကြောင့် လူတိုင်းကအသိတရားပြန်ဝင်လာတယ်.
ပြီးတော့အမှန်တရားက ဘာပဲဖြစ်ဖြစ် သူမကအပြစ်တွေ အများကြီးကို ကျူးလွန်ထားတာမို့လို သူမကို ရှင်းထုတ်နိုင်ရင်လည်းအကျိုးအများကြီးရတယ်.
ဒါပေမဲ့ဖုန်းစီပြန်ရောက်လာရင် သူတို့ဘာမှဆက်လုပ်ရဲမှာမဟုတ်ဘူး
"ငါသူမကို မျှားခေါ်မယ်.မင်းတို့တွေအကုန်စက်ကွင်းပုံစံဖော်ကြ"
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...