➡️Unicode
ရှီမိုကလုံးဝမျှော်လင်မထားဘူး.သူအဲ့ဒီပုံတွေကိုမယုံနိုင်စွာပဲနဲ့ကြည့်နေခဲ့တယ် ရှရွှမ်းကသူမဟန်ဆောင်နေသလိုမျိုး သဘောမကောင်းဘူးဆိုတာကိုသူသိပေမဲ့လည်း
ဒါက အခြားချမ်းသာတဲ့မိသားစုသိုင်းအဝိုင်းက လူတွေလိုမာနကြီးတယ်လို့လောက်ပဲ ထင်ထားတာ.
သူမကလူသတ်မှုကျူးလွန်တဲ့လူတစ်ယောက်ဖြစ်နေမယ်လို့တွေးကိုမတွေးခဲ့ဖူးဘူး
"ဥက္ကဋ္ဌ ရှီ, ကုမ္ပဏီပိုင်ရှင် ရှီကခေါ်နေပါတယ်"
သူ့ရဲ့လက်ထောက်က အခန်းထဲကိုဖုန်းယူလာပြီး ဂရုတစိုက်နဲ့ပြောလိုက်တယ.
ရှီမိုက ကွန်ပျူတာကိုဆောင့်ပိတ်လိုက်ပြီးသူ့လက်ထောက်လက်ထဲကဖုန်းကိုကိုင်လိုက်တယ်"အဖေ"
"သတင်းစာရှင်းလင်းပွဲလုပ်လိုက်, မင်းနဲ့ရှရွှမ်းနဲ့ စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီလို့"
သူ့ရဲ့အသံကအရမ်းကိုမာကျောခက်ထန်နေတယ်
"မင်းအခုဘာလုပ်မလဲ ငါဂရုမစိုက်ဘူး,ဒါပေမဲ့ရှရွှမ်းက မင်းရဲ့သတို့သမီးမဖြစ်နိုင်တော့ဘူး,ငါပြောတာရှင်းလား"
"ကျွန်တော်နားလည်ပါပြီ"
ရှီမိုကဖုန်းကိုချလိုက်ပြီးသူ့ပုံစံကအရမ်းကိုခက်ထန်သွားတယ်
"အခုချက်ချင်းသတင်းစာရှင်းလင်းပွဲပြင်လိုက်"
#တုန်းဖန်း entertainmentက ရှရွှမ်းနဲ့စေ့စပ်ထားတာကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်းကြေညာလိုက်ပါပြီ။ ဒီလိုလုပ်တာက အရင်ကရှရွှမ်းတကယ်လူသတ်လိုက်လို့လား#
သတင်းထွက်လာတာနဲ့အမျှ ရှရွှမ်းကရှီမိုကိုဖုန်းခေါ်လိုက်တယ်.
ရှီမိုကကြည့်တောင်မကြည့်ဘဲ ဖုန်းကိုချပစ်လိုက်တယ်.သူရှရွှမ်းနဲ့ပတ်သက်ပြီးဘာမှမလုပ်ပေးနိုင်ဘူး .
သုံးဖန်းentertainmentက အရေးကြီးတဲ့အခြေအနေမှာရောက်နေတယ. အဲဒါကြောင့်ရှရွှမ်းအတွက်နဲ့ သူ့ရဲ့အစီအစဥ်တွေကိုအပျက်စီးမခံနိုင်ဘူ.
ရှရွှမ်းကအပြင်ကိုမထွက်ရဲဘူး.အပြင်မှာသတင်းထောက်တွေနဲ့ ဒေါသထွက်နေတဲ့လူတစ်စုက သူမကိုစောင့်နေကြတယ်.သူမရဲ့အသိတွေထဲက လုံခြုံရေးတွေ နည်းနည်းပါးပါးရှိနေလို့.အိမ်ထဲမှာအေးအေးဆေးဆေးနေနိုင်တာ,သူတို့သာမရှိဘူးဆိုရင်အဲလူတွေအထဲကိုဝင်လို့ရလောက်နေပြီ .
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...