➡️Unicode
ရှီရှန်းနဲ့ မိန်းကလေးနှစ်ယောက်တို့က ပျော်ပျော်ကြီးကို စကားပြောနေခဲ့ကြတယ်.သူတို့က ဖုန်းနံပါတာတွေတောင် အချင်းချင်းလဲလိုက်ကြသေးတယ်.
ဖိုးဖိုးလုက ကိုယ်ရံတော်တွေနဲ့ ရှီရှန်းတို့အနားလာတော့မှ လူတွေကရှီရှန်းကို မှတ်မိသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်သေးတယ်. ဒါပေမဲ့ ဖိုးဖိုးလုရဲ့ ကိုယ်ရံတော်က ကာကွယ်ပေးထားကြတာမို့လို့ အသားလုံးလေးဖန်တွေက စိတ်မကောင်းစွာနဲ့ တပ်ပြန်ဆုတ်လိုက်ကြရတယ်.
#အသားလုံးလေးက လေဆိပ်မှာရှိနေခဲ့တယ်တဲ့.အား... ငါနဲ့ဘာလို့များမဆုံလိုက်ရတာလဲ#
#အသားလုံးလေးနဲ့ သူမရဲ့ချစ်ချစ်ကြီး စပွန်ဆာနဲ့ကို အတူတူတွဲမြင်လိုက်ရတယ်. အရမ်းလိုက်ဖက်လွန်းလို့ ငါသရေတောင်ကျမိတယ်#
#အသားလုံးလေးဆီက အော်တိုရခဲ့တယ်.သူမကအရမ်းကို ဟော့လွန်းတယ်. အသားလုံးလေးအတွက် ငါကွေးသွားပြီထင်တယ် #
နောက်ဆုံးပို့စ်က လူကြိုက်အများဆုံးဖြစ်ပြီး ရှဲတဲ့လူတွေမှ အများကြီးပဲ. ရှီရှန်းရဲ့ပုံတွေအပြင် groupလိုက် ဆယ်ဖီဆွဲထားတဲ့ပုံရော အော်တိုရောပါ တင်ထားတယ်.
~ငါတို့ကရော ဘာလို့ဒီလို အခွင့်ရေးထူးကြီးကို မရရတာလဲ~လို့ ဖန်အများစုကတွေးပြီး သဝန်တို မနာတို အားကျနေကြတယ်.
ဖန်တွေက လိုင်းပေါ်မှာ မနာလိုနေကြပြီး စိတ်ဆင်းရဲနေကြတဲ့အချိန် ရှီရှန်းနဲ့လုချင်းယွမ်တို့ကတော့ ဖိုးဖိုးလုနဲ့အတူ နေ့လယ်စာစားရင်း အချိန်ဖြုန်းပေးနေကြတယ်.
"ရှောင်ဝမ်. သမီးတို့နှစ်ယောက် တွဲတာလည်းကြာနေပြီ ဘယ်တော့လောက် မင်္ဂလာဆောင်ဖို့ စီစဉ်ထားကြလဲ".
ဖိုးဖိုးလုက ရှီရှန်းကို မျှော်လင့်တကြီး ကြည့်ရင်းမေးလိုက်တယ်.ရှီရှန်း ခနလောက် ဆွံအသွားပြီး လက်ထဲကဇွန်းက ပြုတ်ကျမတတ် ကြောင်သွားရတယ်.
"ဖိုးဖိုးကလည်း.....သမီးတို့က ငယ်သေးတယ်လေ". ရှီရှန်းက ခပ်ခြောက်ခြောက် ရယ်ရင်းပြန်ဖြေလိုက်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...