➡️Unicode
ကျန်းယွမ်ကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူး.သူကလောင်းကစားသမား တစ်ယောက်ဖြစ်တယ်.
ကျန်းဝမ်ဆီကရခဲ့တဲ့ နစ်နာကြေးတွေကလည်း လောင်းကစားလုပ်လို့ကုန်ပြီ.သူကမြို့တော်ကို ချမ်းသာဖို့အတွက်ရည်ရွယ်ပြီးလာခဲ့ပေမဲ့ မထင်ထားတာတွေပဲ ဖြစ်လာတယ်.
သူ စိတ်ဓာတ်တွေကျလာတာနဲ့ အမျှလောင်းကစားကို ပြန်စလုပ်ပြန်တယ်.
သူတို့စုထားတဲ့ငွေတွေကလည်းလောင်းကစားတွေ လုပ်လွန်းလို့ ကုန်ပြီ.အဲဒါကြောင့်သူနဲ့သူ့ဇနီးက စကားများကြတော့တယ်.သူတို့နှစ်ဦးက ခနခနရန်ဖြစ်နေတာကြောင့် hotelကလည်း သူတို့ကိုထွက်သွားခိုင်းနေပြီ.
အဲဒါကြောင့် သူတို့နှစ်ယောက် စကားများတာချက်ချင်းရပ်လိုက်ပြီး hotelမှာဆက်နေကြတယ်.
(မျက်နှာဆီသုတ်ထားလားမသိ)သူတို့ကဒီhotelမှာတစ်ညအိပ်ရဖို့ဒေါ်လာ၁၀၀၀၀ကျော် ကုန်ကျတယ်ဆိုတာကိုသိလို့ ထွက်မသွားချင်ကြဘူး.
သူတို့ဒီမှာနေခဲ့တာက တစ်လလောက်နီးပါးရှိပြီဖြစ်တာကြောင့် ကျသင့်ငွေကို တွက်ကြည့်ရင် စုစုပေါင်းဒေါ်လာ၃သိန်းလောက် ရှိနေပြီ.
Hotelမန်နေဂျာက သူတို့ကိုကြည့်မရတော့ဘူး. အဲဒါကြောင့်လုံခြုံရေးတွေ ခေါ်ပြီးတော့ သူတို့ကိုဆွဲထုတ်ခိုင်းတယ်
.ခက်ထန်မာကျောတဲ့ လုံခြုံရေးတွေနဲ့ကြုံရတဲ့အခါမှာကျန်းယွမ်က ကျန်းဝမ်ကိုအဆက်မပြတ်ဆဲဆိုပြီး ထွက်သွားရုံပဲတတ်နိုင်တော့တယ်.
ရှီရှန်းက ဒါကိုကြားလိုက်တဲ့အခါမှာတိတ်တဆိတ် ရယ်လိုက်တယ်.
ဒါပေါ့သူမက ဒီလောက်ကောင်းတဲ့ နေရာမှာသူတို့ကိုအလကားနေခိုင်းပါ့မလား.တွေးကြည့်လိုက်စမ်းပါ.သူတို့သာဒီလောက်ကောင်းစားနေရင် မြို့တော်ကနေကိုပြန်ချင်ပါ့လား
အဖြေကတော့..သေချာပေါက်မဟုတ်ဘူးပေါ့ .
ကျန်းကျိန်ကျိန်ရဲ့လက်ထဲမှာက ငွေအနည်းငယ်ရှိနေသေးတယ်.အဲဒါကြောင့်သူမက သူ့မိဘအတွက် နေဖို့နေရာလေး ငှားပေးနိုင်ခဲ့တယ်.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...