Arc -3.3

2K 368 27
                                    

°°°Unicode °°°

​သေမင်းတမာန်​တောအုပ်ထဲမှာ ကျင့်ကြံဆင့်သိပ်မမြင့်တဲ့၀ိညာဥ်သားရဲ​တွေရှိတယ်

ဒါ​ပေမယ့် ရှီရှန်းရဲ့ *တိုက်ခိုက်​ရေး​လေ့ကျင့်မှု*​ကြောင့် သူတို့​တွေအကုန်​သေကုန်ကြတာပါပဲ

အဲ့ဒီ​နောက်မှာ​တော့ ရှီရှန်းက အနီ​ရောင်သစ်ပင်ကို ​သေ​သေချာချာစူးစမ်း​လေ့လာ​တော့တယ်

သစ်ပင်က ​အောက်က​နေအ​ပေါ် အတွင်းက​နေ အပြင်ထိ အလုံးစုံ နီရဲ​နေတယ်

ရှီရှန်းက ဘာလို့သစ်ပင်ရဲ့အတွင်းသားပါ အနီ​ရောင်ဖြစ်​နေတာကို သိရပါသလဲဆိုရင်​တော့ သူမကခုတ်ပစ်လိုက်လို့​ပေါ့

ဒီသစ်ပင်က ဇာတ်လမ်းတစ်​လျှောက် အ​ရေးကြီးတဲ့​နေရာမှာပါ၀င်တယ်ဆို​ပေမယ့် ရှီရှန်းက နည်းနည်း​လေးမှ ဂရုစိုက်မ​နေဘဲ ခုတ်ပစ်လိုက်တယ်

ဘာမှမထူးဆန်းဘူး​လေ!!!
ရှီရှန်းကသစ်ပင်ကိုခုတ်ပစ်လိုက်​ပေမယ့် ဘာရတနာမှထွက်မလာဘူး

'ငါ​လေးက အဓိကဇာတ်လိုက်မဟုတ်တာနဲ့ဘဲ ဘာပစ္စည်းမှထုတ်မ​ပေး​တော့ဘူး​ပေါ့  ​သက်မဲ့​တွေက​တောင်ဘက်လိုက်ကြတယ် ကြောက်စရာ​ကောင်းလိုက်တာ ! '

သစ်ပင် "......"

'အနည်းဆုံး​တော့ငါ့ကို တစ်ခုခုလုပ်ဖို့အချိန်​လေး​ပေးသင့်တယ်​လေ ဘယ်သူကနင့်ကို မြင်မြင်ချင်းသစ်ပင်ကိုခုတ်ခိုင်းလို့လဲ '

ရှီရှန်းက လဲကျ​နေတဲ့သစ်ပင်နီရဲ့ ပင်စည်​ပေါ်မှာထိုင်​နေပြီး ​ကောင်းကင်ကို​မော့ကြည့်ကာ ဇာတ်လိုက်​ကောင်​ပေါ်လာမယ့်အချိန်ကို​စောင့်​နေတယ်

သူမသိထားတဲ့အတိုင်းဆိုရင် ဇာတ်လိုက်နှစ်​ယောက်က ဒီ​နေရာမှာလာဆုံကြမှာဖြစ်တယ်.
ဒါ​ပေမယ့် ရှီရှန်းက ကွန်ဖြူးရှပ် ရုပ်တုအဖြစ်​ပြောင်းသွားလုနီးပါ အကြာကြီး​စောင့်​နေခဲ့​ပေမယ့်  ဇာတ်လိုက်​ကောင်ရဲ့အရိပ်အ​ယောင်ကို​တောင်မမြင်ရဘူး

'​တောထဲမှာ အခြားအနီ​ရောင်သစ်ပင်​တွေရှိ​နေ​သေးတာများလား ငါနဲနဲ​လောက်သွားရှာကြည့်ရင်​ကောင်းမလား '

Final Boss Is No JokeWhere stories live. Discover now