Arc-3.18

1.6K 319 15
                                    

°°°Unicode °°°

အဲ့ဒါက ရှီရှန်း​တွေးထားသလို မဟုတ်ဖူး.
သူမလည်​ချောင်းက​နေ တစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရပ် ပူ​နွေးသွားမှုကိုသာ ခံစားလိုက်ရတယ်.

​နောက်ဆုံးမှာ​တော့ ဖုန်းစီက သူမရဲ့နှုတ်ခမ်းကိုလွှတ်​ပေးလိုက်တယ် .

သူ့နှုတ်ခမ်း​တွေက ဆွဲ​ဆောင်မှုရှိစွာ စိုစွတ်​နေတုန်းပဲ

"မ​ကြောက်နဲ့..စိတ်​အေး​အေးထား"

ရှီရှန်းက သူမရဲ့မြင်ကွင်းတစ်ခုလုံး အ​မှောင်ဖုံး​သွားတာ​ကြောင့် ဘာမှပြန်မ​ပြောနိုင်​လိုက်ဘူး.

ခနအကြာမှာ​တော့ မီး​​တောက်​ရှိ​နေတဲ့ ကန့်လန့် ဖြတ်လမ်းတွေကို​ တွေ့လိုက်ရတယ်
သူမက အဲ့ဒီလမ်းတွေထဲက တစ်ခုမှာ​ရောက်​နေတာ

'ဒါကဘယ်လို​နေရာကြီးလဲ'

ရှီရှန်းကလက်ဆန့်ပြီး မီး​တောက်​တွေကို ထိ​တွေ့လိုက်တယ်

မီး​တောက်​တွေက.သူမရဲ့လက်ဖ၀ါးကို ဖြတ်သွား​ပေမယ့် သူတို့​တွေဆီက အပူဒဏ်ကိုမခံစားရဘူး

"သူ့ကို​သေ​အောင်ရိုက်!သူကမျိုးမစစ်​ကောင်"

"သူနဲ့မကစားကြနဲ့..သူက မ​ကောင်းဆိုး၀ါးပဲ"

"..မျိုးမစစ်​ကောင်!...မ​ကောင်းဆိုး၀ါး​ကောင်!..."

က​လေး​​တွေ ဆူညံ​နေတဲ့အသံကို ရှီရှန်းကြား​နေရတယ်

မီး​လောင်​နေတဲ့ကွင်းပြင်တစ်ခုမှာ က​လေး​တွေက မီး​တောက်​တွေ၀န်းရံ​နေတဲ့ ​ကောင်​လေးတစ်​ယောက်ကို၀ိုင်းပြီး အနိုင်ကျင့်​နေကြတာကို​တွေ့လိုက်တယ်.

​ကောင်​လေးက မလှုပ်မယှက်ရပ်​နေပြီး​တော့ တခြားက​လေး​တွေသူ့ကို ချွန်ထက်တဲ့ပစ္စည်း​တွေ ​ကျောက်ခဲ​တွေနဲ့ပစ်​ပေါက်​နေတာကို ငြိမ်ခံ​နေတယ်.

မကြာခင်မှာပဲ သူ့မျက်နှာ​မှာ ဒဏ်ရာဒဏ်ချက်​တွေဖြစ်လာတယ်

အဲ့ဒီဒဏ်ရာ​တွေက​နေ​ သွေး​တွေထွက်လာပြီး သူ့မျက်နှာတစ်၀က်ကို​ သွေး​တွေ ဖုံးလွှမ်းသွားတဲ့အထိ​အောင် သူကမလှုပ်မယှက် ရပ်​​နေတုန်းပဲ

Final Boss Is No JokeUnde poveștirile trăiesc. Descoperă acum