➡️Unicode
Warning :Some content may be disturbing.Expect mature sence.
ပေါက်ကွဲမှုကြောင့် လင်းဟောက်ရဲ့ခြေထောက်ကအနည်းငယ်ထိခိုက်သွားခဲ့ရတယ်
သူပြန်သတိရလာတဲ့အချိန်မှာပထမဆုံးတွေးမိတဲ့ကိစ္စကတော့ ရွှီမိသားစုကို ကြိမ်းသေပေါက်လက်စားချေဖို့ပဲဒါပေမယ့် ရွှီမိသားစုကိုဒုက္ခပေးဖို့ ပထမခြေလှမ်းတောင်မစရသေးခင်မှာပဲ လင်းမိသားစုပိုင်companyတွေက တရားမ၀င်မှောင်ခိုပစ္စည်းတင်သွင်းမှု ငွေကြေးခ၀ါချမှုတွေနဲ့ပတ်သက်နေတယ်ဆိုတဲ့ အဆိုပြုချက်တွေ သက်သေတွေအများကြီးကို အစိုးရဘက်ကရရှိသွားခဲ့တာကြောင့် ပြသနာတွေစတက်ခဲ့တယ်
ဒီအဖြစ်အပျက်တွေကအရမ်းကိုမြန်ဆန်လွန်းတာကြောင့် သူတို့ဘက်ကဘာမှမတုံ့ပြန်လိုက်ရဘူး .
သူတို့ဘက်ကနေ တုံ့ပြန်ဖို့အကြံရတွေလာတဲ့ အခါမှာတော့ လင်းမိသားစုပိုင်လုပ်ငန်းစုတွေ အားလုံးဟာ အစိုးရရဲ့ပိတ်သိမ်းခြင်းကိုခံလိုက်ရပြီဖြစ်တယ.လင်းမိသားစုရဲ့လုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့ companyတွေအားလုံးဟာလည်း သူတို့နဲ့အဆက်အသွယ်တွေ ဖြတ်တောက်လိုက်ပြီး ဆက်စပ်လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ကြတယ်
အကြွေးရှင်တွေကလည်း သူတို့ခြံတံခါး၀ထိရောက်လာပြီး ဆဲဆိုငေါက်ငမ်းက သောင်းကျန်းကြတယ်.သူတို့နဲ့ရင်းနှီးမှုရှိခဲ့တဲ့ လူချမ်းသာတွေအားလုံးကလည်း အခုဆိုရင် လင်းမိသားစုကို ပလိပ်ရောဂါသဖွယ် ရှောင်ရှားနေကြပြီဖြစ်တယ်
လင်းမိသားစုအပေါ်မှာ ကြင်နာမှုအရှိဆုံးသူတွေက သူတို့ကိုကို တိုးတိုးတိတ်တ်ိတ်ပြောပြခဲ့တယ်. တကယ်လို့သာ လင်းမိသားစုကိုအကူအညီပေးခဲ့မယ်ဆိုရင် သူတို့ကိုပါဒုက္ခရောက်အောင်လုပ်မယ်လို့ တစ်စုံတစ်ယောက်ကသတိပေးထားတယ် လောကကြီးမှာအပြစ်ကင်းစင်တဲ့လူဆိုတာမရှိတဲ့အတွက် လင်းမိသားစုကို သတ္တိရှိရှိကူညီပေးနိုင်မယ့်သူဟာလည်း မရှိတော့ဘူး
"ကျွန်တော်တို့က မကူညီချင်လို့မဟုတ်ပါဘူး တကယ်လို့ခင်ဗျားတို့ကို ကူညီလိုက်ရင် ကျွန်တော်တို့ပါရောပြီးဒုက္ခရောက်လိမ့်မယ် "

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...