°°°Unicode°°°
[Host....'မိုးကြိုးလွှဲ' ဝယ်ယူလိုပါသလား]
'အဲဒါဘာကြီးလဲ..,ငါကဘာလို့မိုးကြိုးလွှဲကိုဝယ်ရမှာလဲ.,အခုမိုးကြိုးတွေက ယဲ့ချင်ချိုးရဲ့စမ်းသပ်ချက်မဟုတ်ဖူးလား'
[Host....'မိုးကြိုးလွှဲ' ဝယ်ယူလိုပါသလား]
Systemကဒီမေးခွန်းကိုပဲထပ်ခါထပ်ခါမေးနေတယ်
မိုးကြိုးတွေကပစ်လို့ပဲပြီးနေပြီလေ
ရှီရှန်းကကောင်းကင်ကိုကြည့်လိုက်တယ်
' ကောင်းကင်တစ်ခုလုံးလည်း ရှင်းလင်းနေတာပဲ,အဲ့ဒီယဲ့ချင်ချိုးအတွက် အဆင့်တက်ဖို့စမ်းသပ်ချက်က ကျန်နေသေးတာလား ဒီမိုးကြိုးတွေကဘယ်ကနေရောက်လာတာလဲ.,ငါကကောမိုးကြိုးလွှဲကို ဘာလို့ဝယ်ရမှာလဲ..ငါ့ခေါင်းပေါ်ပစ်တော့မှာမို့လို့လား'
"ဒါတွေကဘာတွေလဲ..,စမ်းသပ်ချက်ကပြီးသွားပြီမဟုတ်ဘူးလား"
"ကိုယ်လည်းမသိဘူး,တစ်ခါမှမကြုံဖူးဘူး"
"ရှင်တို့ ဒီမိုးကြိုးတွေက စောစောကဟာတွေထက်ပိုကြီးနေတာ သတိထားမိကြလား,ပိုပြီးပြင်းလာမယ့်ပုံပဲ..,အဲဒါတွေနဲ့အဝေးကြီးမှာရပ်နေတာတောင် သက်တောင့်သက်သာမရှိဘူး"
"အဲဒါတွေနဲ့ နည်းနည်းနီးနီးမှာရှိနေတဲ့သူတွေဆိုရင် သွေးတွေအန်ထွက်ကုန်တယ်..ဖိအားဒဏ်ကိုမခံနိုင်ကြဘူး..."
"ဘာကြီး??အဲလောက်တောင် စွမ်းအားပြင်းတာလားးးး,ဂိုဏ်းချုပ်ယဲ့က တစ်ခါတည်းနတ်ဘုရားမဖြစ်တော့မှာလား"
"နောက်နေတာတွေရပ်စမ်းပါ...,နတ်ဘုရားလောကဆိုတာ ဟိုးရှေးကတည်းက ပျောက်ကွယ်သွားပြီပဲဟာကို သူမကဘယ်လိုလုပ်နတ်ဘုရားဖြစ်နိုင်မှာလဲ"
နောက်ဆုံးစာကြောင်းကို ပြောလိုက်တဲ့ အသံကသရော်တဲ့ပုံစံဖြစ်နေတယ်
အဲလိုပြောလိုက်တဲ့သူက ဆက်ပြီးသရော်နေတာကြောင့် သူ့ဘေးကလူတွေနဲ့ သဘောထားကွဲလွဲမှုတွေဖြစ်ပြီးတော့ စကားများကြတော့တယ်
အနက်ရောင်တိမ်တွေက တစ်ဖြည်းဖြည်းကြီးစိုးလာပြီး ရှင်းလင်းနေတဲ့ကောင်းကင်ကိုဖုံးကွယ်သွားတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...