°°°Unicode °°°
ရှီရှန်းက ပူတင်းလေးကိုပဲစီးပြီးတော့ဆက်တိုက်ပျံသွားတယ်
"မင်းကဘယ်သူလဲ..ဂိုဏ်းကမဟုတ်တဲ့ ဘယ်ပျံသန်းယာဥ်ကိုမှ မြူခိုးတောင်ဂိုဏ်းက ခွင့်မပြုဘူး"
မြူခိုးတောင်ဂိုဏ်းရဲ့ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားတဲ့တပည့်သားအချို့က ရှန်းရှုဆီကို ဓားပျံတွေ စီးပြီးတော့ ရောက်လာတယ်
ရှီရှန်းကိုမြင်တဲ့အခါမှာတော့ သူတို့ရဲ့မျက်နှာတွေကထူးထူးဆန်းဆန်း ပြောင်းလဲသွားတယ် အံ့သြသွားခြင်းနဲ့ အတူ စူးစမ်းချင်နေတဲ့ပုံစံတွေလည်းပေါ်လာတယ်
"ဂိုဏ်းတူဒေါ်လေး ရှန်း...."
ဖုန်းစီကိုမြင်တဲ့အခါမှာသူတို့ရဲ့မျက်နှာတွေမှာကြောက်ရွံမှုတွေပေါ်လာပြီးတော့ခပ်ဝေးဝေးကိုရွှေ့သွားကြတယ် ရှီရှန်းက သူတို့ကိုစိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်တယ်
,'မတွေ့ရတာ သိပ်တောင် မကြာသေးတဲ့ဟာကို ငါ့ကိုဘာကိစ္စမမှတ်မိကြတာလဲ... ငါလူတွေကို ကိုက်မစားတတ်ပါဘူးနော်'
လူတွေကသူမကိုဘာလို့ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေလဲဆိုတာကိုနောက်မှစဥ်းစားမိသွားတဲ့အခါမှာတော့ရှီရှန်းက ဂိုဏ်းထဲကိုဆက်ဝင်သွားတယ်
'ယဲ့ချင်ချိုးကဂိုဏ်းကိုအရင်ပြန်ရောက်နှင့်ပြီးတော့ဂိုဏ်းကလူတွေအားလုံးကို ရှီရှန်းက အပြင်လူနဲ့ပေါင်းပြီးတော့ သူမကိုသတ်ဖို့ကြိုးစားတယ်လို့ပြောပြီး ပြီနေမယ်'
အခုချိန်မှာဂိုဏ်းတစ်ခုလုံးက..ရှီရှန်းကဘယ်လောက်တောင်ကြင်နာမှုကင်းမဲ့ပြီးတော့ ဂိုဏ်းသားအချင်းချင်းပြန်သတ်ဖို့လုပ်ခဲ့တယ်...ဆိုတာကိုပြောနေကြတယ်
သူတို့ပြောနေတဲ့ပုံက ရှီရှန်း အဲ့လိုလုပ်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်မြင်ခဲ့ရသလိုဘဲ
"မင်းအတွက် သူတို့ကို ကိုယ်သတ်ပစ်မယ်"
ဖုန်းစီရဲ့မျက်လုံးတွေထဲမှာ မီးတောက်တွေတောက်နေပြီ သူ့ရဲ့မိန်းကလေးကို အခြားလူတွေမကောင်းပြောတာ ဘယ်လိုမှ သည်းမခံနိုင်ဘူး
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...