➡️Unicode
ခမ်းခမ်းနားနားအလှဆင်ထားတဲ့ hall ခန်းမကြီးထဲမှာ တီးလုံးသံငြိမ့်ငြိမ့်လေးကို ဖွင့်ထားတယ်ရှီရှန်းက ထောင့်ကျကျနေရာလေးကိုရွေးချယ်ပြီးသွားထိုင်နေလိုက်တယ်
သူမလေးရဲ့ပုံစံဟာ တည်ငြိမ်ပြီးသဘာ၀ဆန်ဆန်ကျက်သရေရှိရှိလှပနေတယ်
သူမရဲ့စိတ်ထဲမှာဘာတွေရှိနေတယ်ဆိုတာဘယ်သူကမှခန့်မှန်းလို့မရနိုင်အောင်ကိုတည်ငြိမ်နေတယ်ဒီpartyပွဲက နန်ကုန်းသခင်ကြီးရဲ့မွေးနေ့partyဖြစ်တယ်
ပြီးတော့မူလဇာတ်ကြောင်းအရဆိုရင် ဒီနေ့ဟာ ရွှီချန်ယွဲ့က စုရီရီအကြောင်းကိုနန်ကုန်းမိသားစုဆီအသိပေးလိုက်တဲ့နေ့လည်းပဲဖြစ်တယ်ရှီရှန်းရဲ့ဆန္ဒကတော့ နန်ကုန်းကျင်းရဲ့ဘေးနားကနေထွက်သွားဖို့နဲ့အဲ့ဒီအဖျက်ကောင်ဆီကနေ သူမမိသားစုကိုကာကွယ်ပြီး သူမလေးရဲ့မိဘနှစ်ပါးကို ကောင်းကောင်းမွန်မွန်အနားယူစေချင်တာဖြစ်တယ်
"ချန်းယွဲ့ နင်ကဒီမှာဘာလို့တစ်ယောက်တည်းထိုင်နေတာလဲ သခင်လေး နန်ကုန်းက နင်နဲ့ဘာလို့အတူရှိမနေတာလဲ"
ရှီရှန်းရဲ့ဘေးနားမှာထိုင်နေတဲ့နူးညံ့သိမ်မွေ့ပုံပေါ်တဲ့ မိန်းမလှလေးကမေးလိုက်တယ်.သူမမှာရှည်လျားတဲ့လှိုင်းတွန့်ဆံပင်တွေရှိပြီးသူမရဲ့ကလေးဆန်တဲ့ချစ်စရာမျက်နှာနုနုလေးကိုဖုံးအုပ်နေတယ်.သူမနဲ့ပတ်သတ်တဲ့အချက်အလက်တွေက ရှီရှန်းရဲ့စိတ်ထဲမှာပေါ်လာတယ်
လန်းရွှယ့်ဟာ မူလပိုင်ရှင်ကသူငယ်ချင်းကောင်းလို့သတ်မှတ်ထားတဲ့လူတွေထဲကတစ်ယောက်ဖြစ်တယ်.
~အသေအချာပါပဲ လန်းရွှယ့်ကိုလဲမေ့ထားလို့ဘယ်ဖြစ်ပါ့မလဲ~ရွှီမိသားစုဒုက္ခရောက်နေချိန်တုန်းက ရွှီချန်ယွဲ့ဟာ လန်းရွှယ့်ဆီမှာ အကူအညီသွားတောင်းခဲ့ဖူးတယ် ဒါပေမယ့် လန်းရွှယ့်ဟာကူညီမယ့်အစား သူမလေးကိုတောင် ဆိုးဆိုးရွားရွားလှောင်ပြောင်ခဲ့သေးတယ်.မူလရွှီချန်ယွဲ့ဟာ နန်ကုန်းကျင်းနဲ့စုရီရီတို့အကြောင်းကို လန်းရွှယ့်ဆီကသိခဲ့ရတာဖြစ်တယ်

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...