°°° Unicode °°°
ဟီလိုဟီလို မနေ့ကDraftပြန်လုပ်တဲ့ အပိုင်းလေးပါနော် ဖတ်ပြီးသားလည်း ပြန်ဖတ်🤪. ကြားထဲလွတ်မှာစိုးလို့ ပြောတာ
.
.
.
မီးနဂါးဆီကနေ ဖြာထွက်နေတဲ့ စွမ်းအင်က ဂိုဏ်းချုပ်ကို ဖိနှိပ်ထားတယ်ဂိုဏ်းချုပ်က သူ့ကိုဖိနှိပ်ထားတဲ့ မီးနဂါးကို တအံ့တသြ ကြည့်နေရင်းနဲ့ အတားအဆီးနံရံတစ်ခုဖန်တီးလိုက်ပြီးကိုယ့်ကိုကိုယ် မနည်းပြန်ထိန်းနေရတယ်
ဒါပေမယ့် အတားအဆီးက လုံလောက်အောင်မကြံ့ခိုင်တာကြောင့် နဂါးက မီးတောက်တစ်ချက်မှုတ်လိုက်တာနဲ့ အက်ကွဲသွားတယ်
"အားစီ..."
ရှီရှန်းက ခေါ်လိုက်တယ်
ဖုန်းစီက ခနလောက်တုန့်ဆိုင်းသွားပြီး မီးနဂါးကိုပြန်ခေါ်လိုက်တယ်
ဒါပေမယ့် သူက ဒီတိုင်းငြိမ်မခံနိုင်တဲ့အတွက် ဓါးမြှောင်ပုံစံမီးတောက်အချို့ကိုဖန်ဆင်းပြီး ဂိုဏ်းချုပ်ရဲ့ ၀မ်းဗိုက်ဆီပစ်လွှတ်လိုက်တယ်
"အာ့.!!!!.."
ဂိုဏ်းချုပ်က သူ့ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့စွမ်းအင်တွေ၀င်လာပြီး တစ်ဆစီစုတ်ဖြဲခံရတော့မလို ခံစားလိုက်ရတယ်
ဒါတွေအကုန်လုံးက ၁မိနစ်လောက်အတွင်းမှာ ဖြစ်ပျက်သွားပြီး တခြားလူတွေစတင်တုန့်ပြန်တဲ့အချိန်မှာတော့ ဂိုဏ်းချုပ်က သူ့ဗိုက်ကိုဖိနှိပ်ထားပြီး ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်နေရပြီ
"ဂိုဏ်းချုပ်...."
"...မင်းကများ..မင်းကများ ရာရာစစ ဂိုဏ်းချုပ်ကိုတိုက်ခိုက်ရဲတယ်..မင်းကတကယ်ပဲ ဘယ်ကကောင်လဲ..."
ခန်းမထဲက လူတွေက သူတို့ရဲ့လက်နက်တွေကို ထုတ်ယူလိုက်ပြီး ရှီရှန်းနဲ့ဖုန်းစီကို ဆီကို တဖြည်းဖြည်းချဥ်းကပ်လာနေတယ်
"ဟေး...!!!တရားမျှတမှုရှိရမယ်လေ..သူကသာ ကျွန်မကို အရင်တိုက်ခိုက်ခဲ့တာ.."
ရှီရှန်းက ဖုန်းစီကို သူမဘေးနားဆွဲလိုက်ပြီး သူမတို့ကို တိုက်ခိုက်တော့မယ့်လူတွေကိုအော်ပြောလိုက်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...