➡️Unicode
:
တစ်နေကုန်ရိုက်ကူးရေးလုပ်ခဲ့ကြတာမို့လို့ ညဘက်မှာတော့ အဖွဲ့သားအားလုံး ညစာစားနေကြတယ်။
ဟိုတယ်တံခါးကို ဖွင့်ပြီး ၀င်လာတဲ့ အမျိုးသားတစ်ဦးကိုတွေ့တော့ မိန်းမပျိုလေးတချို့ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့တယ်။
"Ah Mo. "
ရှရွှမ်း အသံလာတဲ့ အနောက်ဘက်လှည့်ကြည့်လိုက်တော့ သူမမျက်နှာမှာအံ့သြစရာကောင်းလောက်အောင်အံ့အားသင့်သွားသည်။
သူမက သူ့ကိုကြိုဆိုဖို့ရာ မတ်တပ်ရပ်လိုက်တယ်။
"ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ""မင်းငါနဲ့ ဆွေးနွေးစရာရှိတယ်ဆိုလို့လေ. စစ်ဆေးစရာတွေလည်းရှိနေတာနဲ့ ငါလာခဲ့လိုက်တာ"
ရှီမိုက ရှီရှန်းကိုကြည့်နေရင်း ပုံမှန်အသံနဲ့ပဲ ဖြေလိုက်တယ်။ သူ့မှတ်ဉာဏ်ထဲက သတ္တိနည်းပြီးအနေအေးတဲ့ မိန်းကလေးက အခုတော့ကြောက်စရာအရှိန်အဝါတွေနဲ့ ပြည့်နေတယ်
ရှီရှန်းက brandတွေ၊ အလှပဆုံးမိတ်ကပ်များနှင့်ဈေးကြီးသော အသုံးဆောင်ပစ္စည်းတွေ ဘာတစ်ခုမှ မဝတ်ထားဘူး. ပုံမှန် outfit လေးပဲဝတ်ထားခဲ့တာ .ဒါပေမဲ့ သူမဆီက အရှိန်ဝါအကြီးကြီး ထွက်နေခဲ့တယ်.
သူမရဲ့မျက်နှာမှာပေါ် ခက်ထန်မှုတွေဖြစ်နေပြီး လုံးဝကိုအချေဆိုက် ဖမ်းထားခဲ့တယ်.
ရှီရှန်းက ရှမိုကိုမကြိုက်တာကြောင့် ထွက်သွားဖို့ရန်ထခဲ့တယ်။ ဒါပေမဲ့ သူမဒီနေရာကနေ သွားဖို့ဆိုရင် ဟိုနှစ်ယောက်ကို ဖြတ်သွားရမှာဖြစ်တယ်.
ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ ရှီရှန်းကပြန်ထိုင်လိုက်တယ်။ရှမိုက ရှီရှန်းကိုကြည့်နေရင်းနဲ့ပဲ ရှရွှမ်းနဲ့စကားဆက်ပြောနေခဲ့တယ် ခနလောက်ကြာတဲ့အခါမှာတော့ သူကထွက်သွားတော့တယ်.
ရှရွှမ်းက ရှီရှန်းရဲ့ စားပွဲခုံဆီပြန်လာပြီး
"ကျန်းဝမ်၊ ငါ နင်ကိုဒီလောကထဲက မောင်းထုတ်ပစ်လို့ ရတော့မှာ သေချာနေပြီ" ဟု အထင်သေးနေတဲ့ လေသံနဲ့ ပြောလိုက်တယ်။
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...