➡️Unicode
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကို"ကျန့်၀မ်"လို့ခေါ်ပြီး ဒုတိယအဆင့်မြို့တော်မှာနေထိုင်ခဲ့တယ်. သူမအသက်၁၀နှစ်အရွယ်မှာ မိဘနှစ်ယောက်လုံးက ကားမတော်တဆဖြစ်မှုကြောင့် သေဆုံးသွားခဲ့ရပြီး ကျန့်၀မ်ကအမေဘက်က ဦးလေးဆီမှာ လိုက်နေခဲ့ရတယ်.
သူမရဲ့မိဘတွေက မတော်တဆမှုမှာဆုံးပါးသွားခဲ့တာမို့လို့ အသက်အာမခံငွေနည်းနည်းလောက်ရခဲ့တယ်.အဲ့ဒီငွေနဲ့ သူမရဲ့ပညာရေးကို ပြီးဆုံးစေနိုင်ပြီး တက္ကသိုလ်ပြီးအောင်တက်ဖို့လုံလောက်ပါတယ်.
ဒါပေမယ့် သူမကို စောင့်ရှောက်တဲ့ ဦးလေးတို့မိသားစုက သူမအပေါ်မှာ ကောင်းကောင်းမဆက်ဆံကြဘူး. အာမခံငွေတွေအကုန်လုံးကိုအပိုင်စီးထားကြတာတောင်မှ သူမအပေါ် အစေခံတစ်ယောက်လိုဆက်ဆံကြတယ်
သူမရဲ့တက္ကသိုလ်ကျောင်းလခကိုတောင်မှပဲ မပေးခဲ့ကြဘူး.ကျန့်၀မ်က အထက်ကျောင်းတက်နေခဲ့ကတည်းက အချိန်အပိုင်းအလုပ်တွေလုပ်ခဲ့ရတယ်.ဒါပေမယ့် ကျန့်၀မ်အထက်တန်းကျောင်း တတိယနှစ်ရောက်တဲ့အခါမှာ သူမရဲ့ဦးလေးက အသက်၄၀လောက်ရှိတဲ့ သူ့သူငယ်ချင်းနဲ့အတင်းအကျပ်ပေးစားဖို့လုပ်ခဲ့တယ်.
သူမက ဘ၀တစ်ခုလုံးကို ဒီလိုကြီး အဆုံးရှုံးမခံနိုင်တာကြောင့် အိမ်ကနေထွက်ပြေးလာခဲ့ပြီး ဦးလေးတို့ မိသားစုရှာတွေ့သွားကြမှာစိုးလို့ ပထမအဆင့် ချင်မြို့တော်ကို ခပ်ကြောက်ကြောက် တက်လာခဲ့ရတယ်.
မြို့တော်ကိုရောက်တဲ့အခါမှာ ကျန့်၀မ်က ဖျော်ဖြေရေး entertainmentတစ်ခုမှာ dramaတစ်ခုရဲ့ ဖြတ်လျှောက်တစ်ယောက်အဖြစ် အလုပ်၀င်ခဲ့တယ်. အစပိုင်းမှာ ဖြတ်လျှောက်တစ်ယောက်အဖြစ်သာဆိုပေမယ့် သူမက အရမ်းလှလွန်းနေပြီးကံလည်းနည်းနည်းကောင်းတာကြောင့် screen timeနည်းနည်းပိုရတဲ့ အစေခံခေါင်းဆောင် နေရာမှာ သရုပ်ဆောင်ခဲ့ရတယ်
နောက်ပိုင်းမှာတော့ ဒုတိယမင်းသမီးနေရာကဇာတ်ကောင်တွေမှာ သရုပ်ဆောင်ရလာတဲ့အထိ အခွင့်အရေးတွေရခဲ့တယ် .အဲ့ဒီဇာတ်ကောင်ကို လူတွေကသဘောကျပြီး လူငယ်ကြိုက်တဲ့ dramaအမျိုးအစားလည်းဖြစ်တာကြောင့်မို့လို့ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်တဲ့အခါမှာ ကျန့်၀မ်က အောင်မြင်မှု အနည်းငယ်ရလာခဲ့တယ်.
အဲ့ဒါကြောင့် သူမလည်း တုံးဖန်လို့ခေါ်တဲ့ entertainmentတစ်ခုနဲ့ စာချုပ်ချုပ်ခွင့်ရခဲ့တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...