Arc-2.9

2.7K 442 10
                                    

➡️Unicode

"ကျွန်..ကျွန်တော်အဲလိုမျိုး ဆိုလိုတာမဟုတ်ပါဘူး,အကြီးဆုံးသခင်လေး" လို့ လုတာ့ဖုန်းက ခပ်မြန်မြန်ပြန်ဖြေလိုက်တယ်။

"သခင်လေးသာ ကြိုတင်အ​ကြောင်းကြားထားမယ်ဆိုရင် ကျွန်တော်ကကြိုဆိုပွဲလေးဖြစ်ဖြစ် စီစဥ်ထားနိုင်​လောက်မှာပါ"

လုတာ့ဖုန်းကစိုးရိမ်ထိတ်လန့်​နေရတယ်

~ဒီမကောင်းဆိုးဝါး ပြည်ပမှာရှိနေတုန်းကအရာအားလုံးက ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာကိုvသူဘာလို့ပြန်လာတာလဲ~

ဒီလုမိသားစု အသိုင်းအဝိုင်း တည်ရှိနေတာကရာစုနှစ်တစ်ခုကျော်ပြီ။ ဒီအသိုင်းအဝိုင်းရဲ့ရာထူးနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကအရမ်းတင်းကြပ်တယ်.

လုချင်းယွင်က သူ့ကိုဒုတိယဦးလေးလို့ခေါ်တယ်ဆို​ပေမယ့် သူကမျိုးနွယ်စုခွဲထဲက ဖြစ်ပြီး လုချင်းယွင်က ပင်မမိသားစုအသိုင်းအဝိုင်းက လာတာဖြစ်တယ်။

ဒီနှစ်တွေ အတောအတွင်းမှာ ပင်မမျိုးနွယ်စုက ပြည်ပကိုထွက်သွားကြတာမို့ လုတာ့ဖုန်းက သူဘာလို့ပြန်လာတာမှန်းမသိခဲ့ဘူး။

"အဲလိုမျိုး​တွေလုပ်ဖို့မလိုအပ်ပါဘူး" လို့
လုချင်းယွင်က ရှီရှန်းကိုကြည့်ပြီး ပြောလိုက်တယ်။

လင်ရှန်းရှန်းကbရုတ်တရပ် ကြောင်အသွားတယ်။ ပုံမှန်အားဖြင့် လုတာ့ဖုန်းထက်ပိုပြီးကောင်းတဲ့လူကိုbဒီအသိုင်းအဝိုင်းမှာရှာလို့မရနိုင်​တော့ဘူး။ ပြီးတော့လုတာ့ဖုန်းက သူ့ကိုအဲလောက် ကျိုးကျိုးနွံနွံဆက်ဆံနေပုံထောက်ရင် သူ့အသိုင်းအဝိုင်းက ပိုပြီး​မြင့်လောက်တယ်။ အကယ်လို့သူမသာ ဒီလူကိုဆွဲဆောင်နိုင်ရင်......

ဒီအချက်ကို​တွေးမိပြီးပြီးချင်းပဲ ခေါင်းထဲကပြန်ထုတ်ပစ်လိုက်တယ်။ ဒီလူကိုကြည့်ရတာချဥ်းကပ်ဖို့ မလွယ်လောက်ဘူး။ ပြီးတော့သူက လုတာ့ဖုန်းလေးစားနေတဲ့သူ ဖြစ်ပုံထောက်ရင် သူမ ရန်စနိုင်မဲ့သူမဟုတ်ဘူး။

သူမလုတာ့ဖုန်းကိုပဲ ရအောင် ကပ်ထားသင့်တယ်။ ဘာတစ်ခုမှ အမြတ်မရရင်တောင်အရင်းရှုံးလို့မဖြစ်ဘူး။

Final Boss Is No JokeWhere stories live. Discover now