➡️Unicode
ရုပ်ရှင် ရိုက်ကူးနေတဲ့အချိန်မှာ လင်းရှန်းရှန်းက သူမကိုထပ်ရိုက်ဖို့ ကြိုးစားတယ်။
ဒါပေမဲ့ရှီရှန်းကအချိန်တိုင်းရှောင်နိုင်ခဲ့တယ်
ခနခနလွဲချော်နေတော့ ဒါရိုက်တာကစတင်ငေါက်တော့တယ်ရှီရှန်းကတော့အဆူခံရတာကိုမကြောက်ဖူး
သူမက ဒါကိုဒါရိုက်တာက ပုံမှန်ပြောသလိုဘဲလို့မြင်တယ်"မင်းတို့တွေ ရုပ်ရှင်ကောရိုက်ချင်သေးရဲ့လား!!.!ဒီပုံစံနဲ့ဆိုရင် မနက်ဖြန်ထိဆက်တိုက်ရိုက်ရင်တောင် ဒီအခန်းရိုက်လို့ပြီးမှာမဟုတ်ဖူး"
လင်းရှန်းရှန်းရဲ့ရင်ထဲမှာတော့ဒေါသမီးတွေတောက်လောင်နေတယ်။ သူမကကျန့်ဝမ်ကိုပြန်ပေးဆပ်စေချင်တယ်
ကြိုးစားပမ်းစား နဲ့အဲဒီအခန်းကိုရိုက်ပြီးတာနဲ့ ရှီရှန်းကနားနေခန်းကို လျှောက်သွားတာမြင်တဲ့အခါလင်းရှန်းရှန်းကနောက်ကနေလိုက်လာပြီးအားနဲ့တွန်းလိုက်တယ်
"ကျန့်ဝမ်နင်တမင်လုပ်တာမလား!!."
"နင့်ကိုပြန်ရိုက်သင့်တာ"ဆိုပြီးရှီရှန်းက အားနဲ့ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်
အရိုက်ခံလိုက်ရတာကြောင့် လင်းရှန်းရှန်းကစက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားပြီး ရှီရှန်းကိုဒေါသကြီးနဲ့ဆံပင်ကို ဆောင့်ဆွဲဖို့ပြင်တော့တယ်
ရှီရှန်းအတွက်ကဒီလိုလက်တုန့်ပြန်တာမျိုးကရိုးနေပြီဖြစ်လို့ပြင်ဆင်ပြီးသားဖြစ်နေပြီ
သူမက လင်းရှန်းရှန်းရွယ်လာတဲ့လက်ကိုရှောင်လိုက်ပြီး သူမအနောက်ကနေ တိုးဖယ်ကာ နားနေခန်းထဲကမြန်မြန်ဆန်ဆန်ဘဲထွက်သွားတယ်။
နားနေခန်းရဲ့အဝင်မှာ အကာအရံအများကြီးမရှိတာကြောင့် ရှီရှန်းကရဲရဲဝံဝံ အပြင်ထွက်သွားတဲ့အချိန်မှာ လင်းရှန်းရှန်းကတော့ သူမရဲ့ဖရိုဖရဲပုံစံနဲ့အပြင်ကို မထွက်ရဲဖူးဖြစ်နေတယ်.
လင်းရှန်းရှန်းက သူမကိုယ်သူမ လှပအောင်ပြင်ဆင်ပြီးမှ အခန်းထဲကထွက်လာပေမဲ့ ရှီရှန်းကို မတွေ့တော့ဘူး။သူမဒေါသတွေကပေါက်ကွဲတော့မယ်အတိုင်းဘဲ သူမကစိတ်ကိုလျော့လိုက်ပြီး တစ်ခုခုကိုသတိပြုမိသွားတယ်။အရင်တုန်းက ကျန့်ဝမ်ကသတိနည်းပြီး ကြောက်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ လင်းရှန်းရှန်းကသူမကိုမကြာခနအနိုင်ကျင့်ပေမဲ့ ကျန့်ဝမ်ပြန်ပြောတယ်ဆိုတာနည်းတယ်။သူမဘာလို့ ရုတ်တရက်ကြီးကြမ်းတမ်းလာရတာလဲ။
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...