Arc-3.20

1.6K 300 4
                                    

°°°Unicode°°°

ခရမ်းဝါးတောင်ကုန်း,
မကောင်းဆိုးဝါးလောကရဲ့ချိတ်ပိတ်ထားတဲ့နေရာကဒီမှာရှိနေတာပဲ

တောင်ပေါ်မှာရှိနေတဲ့ဝါးတွေကအကုန်ခရမ်းရောင်တွေပဲ

ကောလဟာလတွေအရဆိုရင် ဒီဝါးတွေကကောင်းကင်ဘုံလောကရဲ့ဝါးတွေဖြစ်ပြီး သူတို့ကို ချိတ်ပိတ်တဲ့နေရာမှာ သုံးဖို့အတွက် အစီအစဥ်တကျ စိုက်လေ့ရှိတယ်

ထုန်းတောင်ဂိုဏ်းနဲ့ မြူခိုးတောင်ဂိုဏ်းချုပ်နဲ့အတူ ကျင့်ကြံသူတွေအများစုက အဲ့နေရာမှာစုဝေးနေကြတယ်

ရှီရှန်းပျောက်သွားတာ နှစ်ပေါင်းက၄၀၀လောက်ရှိပြီ. အဲဒီနှစ်လေးရာအတွင်းမှာယဲ့ချင်ချိုးရဲ့ကြိုးပမ်းမှု​ကြောင့် မြူခိုးတောင်ဂိုဏ်းက ကျင့်ကြံခြင်းလောကမှာနံပါတ်တစ်ပြန်ဖြစ်လာခဲ့ပြီးတော့ သူမကအခြားသူတွေ အိမ်မက်ပဲမက်ရုံလောက်အောင် မြင့်မားတဲ့နေရာရောက်နေပြီ

"ဂိုဏ်းချုပ်ယဲ့,ကျွန်တော်တို့က မကောင်းဆိုးဝါးတွေ ထွက်လာတာကိုပဲ ထိုင်ကြည့်နေရမှာလား"

ယောကျ်ားတစ်ယောက်က လူတွေဝိုင်းဝိုင်းလည်နေတဲ့သူမကိုမေးလိုက်တယ်

ယဲ့ချင်ချိုးရဲ့မျက်နှာက​ ရေခဲနတ်ဘုရားမပမာ အေးစက်နေပြီးတော့ သူမကိုလူတွေကကြောက်ကြောက်လန့်လန့် ကြည့်နေကြရတယ်

"ဂိုဏ်းချုပ်လင်းရောဘယ်လိုထင်လဲ"

ယဲ့ချင်ချိုးက စကားပြန်ပြောတယ်

သူမရဲ့အပြုအမူတိုင်းကလူတိုင်းအထင်ကြီးရလောက်အောင်အရှိန်အဝါတွေတောက်ပနေတယ်

သူမကနတ်၀ိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီမို့ ဘယ်သူ့မျက်နှာကိုမှကြည့်နေစရာမလိုတော့ဘူး

ဂိုဏ်းချုပ် လင်းကခေါင်းကိုခါယမ်းလိုက်တယ်

'ငါသာဘာလုပ်ရမယ်ဆိုတာကိုသိရင်နင့်ကိုမေးနေပါ့မလားဟဲ့'

ယဲ့ချင်ချိုးက ကျင့်ကြံခြင်းလောကမှာဆရာတစ်ဆူဖြစ်နေပြီ

သူမကလည်ချောင်းကိုရှင်းလိုက်ပြီးတော့လူတွေစုဝေးနေတဲ့နေရာဆီအကြည့်ရောက်သွားတယ်

Final Boss Is No JokeWhere stories live. Discover now