➡️Unicode
ဒီဓားပြအုပ်စုကိုကြည့်ရတာ ကျွမ်းကျင်သူတွေဖြစ်ရမယ်.ဘယ်သူကမှ လမ်းညွှန်နေစရာမလိုဘဲ ဘယ်သူကဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိနေကြတယ်.
ရှီရှန်းကတော့ သူမစိတ်ထဲမှာပဲ ကျိန်ဆဲနေတယ်.သူမကလျှို့ဝှက်မစ်ရှင်ပြီးအောင်လုပ်ဖို့အတင်း တွန်းအားပေးခံရုံသာမက အခုလည်း အသက်အန္တရာယ်ရှိနေပြန်ပြီ.
ပိုဆိုးတာကsystemက သူမကိုညစ်ဖို့အခွင့်အရေးကိုမပေးဘူ.မူလဇာတ်ကြောင်းမှာတုန်းက ကျန်းဝမ်ကဇာတ်လမ်းရိုက်နေတုန်းဘဲ.အဲတာကြောင့်သူမမှာဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိဘူး။.ဒါပေမယ့် အဓိကဇာတ်လိုက်မက ဒီနေရာမှာရောက်နေခဲ့တာမို့လို့ ဒီဖြစ်စဥ်ကိုအသေးစိတ်ဖော်ပြထားတယ်.
ရှီရှန်း ကဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်.ဒါပေမဲ့ဇာတ်လိုက်ကို မတွေ့ရသေးဘူး
သူမသိချင်တာက ဇာတ်လိုက်မကဒီအခန်းတွေထဲမှာရှိလားမရှိလားဆိုတာဘ.မူလဇာတ်ကြောင်းမှာတုန်းက ဒီဖြစ်စဥ်မှာပဲ ရှမန်က သူနဲ့ရှီမိုရဲ့ဆက်ဆံရေးကိုသိတဲ့ လုချင်းယွင်ကိုကယ်တင်လိုက်တယ်
ရလဒ်အနေနဲ့ သူနဲ့ရှမန်နဲ့က ပိုပြီးရင်းနှီးသွားကြတယ်.အပြင်ဘက်မှာရဲတွေက ဝိုင်းထားကြတယ်ဓားမြတွေကလည်း အခန်းထဲမှာရှိတဲ့လူတွေကို အပြင်ဘက်ကိုဆွဲထုတ်လာကြတယ်
ရှမန်ကလည်း အဲ့ဒီအခန်းကနေထွက်လာပြီးခပ်ဝေးဝေးကို လျှောက်လာရတယ်.အားကစား၀တ်စုံကို ၀တ်ဆင်ထားဆဲဖြစ်တဲ့ရှမန်ရဲ့မျက်နှာက အေးအေးဆေးဆေးဖြစ်နေတယ. သူမက ဓါးပြတွေခိုင်းတဲ့အတိုင်းနာနာခံခံ လျှောက်လာပြီးတော့ ရှီရှန်းတို့အနားမှာ လာထိုင်တယ်.
ဇာတ်လိုက်မရဲ့ ခပ်အေးအေးအပြုအမူကြောင့် ရှီရှန်းက သူမကို မကြည့်ဘဲမနေနိုင်ဘူး
"ဘေးကိုဖယ်စမ်း..!!" လို့ ရှီရှန်းရဲ့အရှေ့မှာ ပိတ်ရပ်နေတဲ့ဓားပြတစ်ယောက်က ဒေါသအော်ငေါက်လိုက်ပြီး အခန်းထဲကိုဝင်လာခဲ့တယ.
ဒေါသတကြီးအော်ငေါက် ကျိန်ဆဲနေတဲ့အသံတွေက အပြင်ကနေတောင်ကြားရနိုင်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...