°°°Unicode °°°
"ဆရာတူညီမ နိုးလာပြီလား "
"မနိုးသေးဘူး ဆရာ
ဆရာအဖိုးကပြောတယ် ဒေါ်လေးရဲ့ကျင့်ကြံဆင့်ကအမှန်ဆိုရင် ဒီနှစ်ထဲမှာ အခြေတည်အဆင့်ကိုတက်လှမ်းနိုင်တော့မှာဆို ...... တကယ်လို့သာအဲ့ဒီလိုဖြစ်နိုင်လိမ့်မယ်ဆိုရင် သူမက မြူခိုးတောင်ဂိုဏ်းရဲ့အသက်အငယ်ဆုံး အခြေတည်အဆင့်ကျင့်ကြံသူဖြစ်လာမှာ
ဒါပေမယ့် အခုတော့အရာအားလုံးကအချည်းနှီးဖြစ်သွားပြီ.. ဒေါ်လေးသာသိရင်..သူမ အရမ်းစိတ်ပျက်သွားလိမ့်မယ်..."သက်ပြင်းချလိုက်ကြတယ်..
ရှီရှန်းက မူလအခြေအနေထဲကို သတိ၀င်လာလာချင်းမှာကြားလိုက်ရတာကတော့ သက်ပြင်းရှည်ကြီးဖြစ်တယ်
"ဂိုဏ်းတူဒေါ်လေး...ဒေါ်လေး နိုးလာပြီလား..."
ကောင်မလေးကရှီရှန်းရဲ့ နားနားကိုကပ်ပြီး အော်လိုက်တယ်
"ဆရာ...မြန်မြန်..ဆရာတူအဖိုးကို ခေါ်လိုက်..."
ရှီရှန်းရဲ့ နှလုံးကပြင်းပြင်းထန်ထန်ခုန်နေတယ်
နာကျင်မှုက ရင်ဆိုင်နိုင်ဖို့ခက်ခဲတယ်
၁၀စက္ကန့်လောက်အားယူပြီးတဲ့အခါမှပဲ ရှီရှန်းက သူမအနားကလူတွေကို အကဲခတ်နိုင်တော့တယ်သူမအနားမှာရပ်နေတဲ့ မိန်းကလေးကတော့ ကောင်းကင်ဘုံစွန်းတောင်ထွဋ်ရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ လင်းရီရီဖြစ်ပြီး မူလကိုယ်ရှန်းရှူနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်တယ်
"ငါဘယ်လောက်ကြာအောင်အိပ်ပျော်သွားတာလဲ"
ရှီရှန်းက ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကိုလျှာနဲ့သပ်လိုက်တယ်.
သူမရဲ့လည်ချောင်းထဲမှာပူချစ်နေပြီး တံတွေးမျိုချဖို့တောင် ခက်ခဲနေတာကြောင့် စကားသံတွေကအက်ကွဲနေတယ်"၃ရက်ရှိပြီဒေါ်လေး... လာ..ရေနည်းနည်းသောက်လိုက်ပါအုံး..ဆရာအဖိုး ခနနေရင်ရောက်လာလိမ့်မယ်."
လင်းရီရီက ရေတစ်ခွက်ကိုအမြန်ခပ်ယူလာကာ ရှီရှန်းရေသောက်ဖို့ ကူညီပေးတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...