°°°Unicode °°
ရှီရှန်းက လင်းရီရီကို ဖုန်းစီ နဲ့ ပူတင်းလေးတို့ဆီခေါ်သွားတယ်
ရှီရှန်းရဲ့စကားတွေကို သေချာပြန်စဥ်းစားနေတဲ့ လင်းရီရီက ထူးဆန်းတဲ့ဖိအားတစ်ခုကို မခံစားမိခင်မှာ သူမအရှေ့မှာရှိနေတဲ့သူက ဘယ်လောက်တောင်အင်အားကြီးမားပြီးကြောက်ဖို့ကောင်းတဲ့သူလဲ ဆိုတာကို သတိမထားမိဘူး
သူမက မြေပြင်ပေါ်ကိုလဲကျသွားပြီး အံ့သြတဲ့အကြည့်နဲ့ ကြည့်နေတယ်
ရှီရှန်းရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ဖုန်းစီက လင်းရီရီကို ဒေါသတကြီးကြည့်နေတယ်. အဲ့ဒီအကြည့်ကြောင့် လင်းရီရီရဲ့နှလုံးသားထဲမှာ ကြက်သီးတစ်ချက်ထသွားပြီး ကျောက်တုံးကြီးတစ်တုံးကို ဆွဲထားရသလိုလေးလံလာတယ်
"ဘာလုပ်မလို့လဲ.."
ရှီရှန်းကဖုန်းစီကိုမျက်စောင်းတစ်ချက်ထိုးလိုက်တယ်
"သူက ကျွန်မရဲ့တူမလေး..ရှင့်....သိရဲ့လား ဂိုဏ်းတူ တူမလေး.... မဟုတ်တာတွေလျှောက်တွေးမနေနဲ့.."
"သူမ မင်းကိုထိဖို့ကိုယ်ခွင့်မပြုနိုင်ဘူး "
(TN/ rs စာစားနေရပါပြီ🙂🙂🙂🙂
အသဲကွဲနေတဲ့ Doraတစ်ယောက် ဒီအတွဲကိုစောက်မြင်ကတ်နေပါပြီ
သွေးအန်နေပါပြီ🥲🥲🥲)ဖုန်းစီရဲ့အသံက အရမ်းကိုအေးစက်ပြီး ပြတ်သားနေတာကြောင့် လင်းရီရီရဲ့ နှလုံးသားလေးတုန်ယင်သွားရတယ်
'ဆရာရေ..သမီးကိုမြန်မြန်လာကယ်ပါ..မကောင်းဆိုး၀ါးတစ်ကောင်ရောက်နေပါတယ်..၀ူး..၀ူး.....'
ရှီရှန်းကမျက်မှောင်ကြုတ်လိုက်တယ်
သူနဲ့သာဆက်ပြီးငြင်းခုန်နေအုံးမယ်ဆိုရင်လည်း ဘာမှထူးမှာမဟုတ်ဖူး
ဖုန်းစီ ပိုစိတ်ဆိုးလာပြီး လင်းရီရီပဲ ပြသနာတက်သွားလိမ့်မယ် အဲ့ဒါကြောင့်ရှီရှန်းက သူတို့ကို လျစ်လျူရှုထားလိုက်တယ်
'အနည်းဆုံးတော့ နင်အသက်ရှင်နေနိုင်ပါသေးတယ် ..ငါသာ နင့်ဘက်ကဆက်ပြီး ကူပြောနေမယ်ဆိုရင် ဖုန်းစီက နင့်ကိုအရိုးတခြားအသား တခြားဖြစ်အောင် လုပ်ပစ်လိမ့်မယ်..'
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...