Arc-3.5

2K 379 16
                                    

°°° Unicode.°°°

မူလဇာတ်​ကြောင်းကို ပြန်စဥ်းစားမိသွားတဲ့အခါမှာ ရှီရှန်းက မီး​နဲ့လွတ်ရာကိုခုန်ထွက်လိုက်တယ်

"​တော်ပါပြီ"

ရှီရှန်းရဲ့တုံ့ပြန်မှုကို မြင်တဲ့အခါမှာ ဖုန်းစီကအနည်းငယ် စိတ်ပျက်သွားပုံ​ပေါ်​ပေမယ့် သူ့ရဲ့အ​တွေး​တွေကို ဖုံးကွယ်ထားပြီး ရှီရှန်းကိုအဖိုးတန်ရတနာတစ်ခုလို မက်မက်​မော​မောနဲ့စိတ်လှုပ်ရှားစွာကြည့်​နေတယ်

'ဖုန်းစီက ဒီ၀တ္ထုရဲ့ final bossဖြစ်ပြီး​တော့ဇာတ်လိုက်မ ရင်ဆိုင်ရမယ့် အကြီးမားဆုံးနဲ့ ​နောက်ဆုံး​သော အခက်အခဲပဲ '

ဖုန်းစီက နဂါးမျိုးနွယ်စုနဲ့ ဖီးနစ်မျိုးနွယ်စုကဆင်းသက်လာသူပဲ

သူက စွမ်းအားကြီးမားစွာ​​ မွေးဖွားလာခဲ့​ပေမယ့် အဲ့ဒီစွမ်းအား​တွေနဲ့အတူ ဒီမီး​တောက်​တွေပါ ပါလာတယ်

ဖုန်းစီရဲ့ပတ်ပတ်လည်တိုင်းမှာ အပူရှိန်ပြင်းထန်တဲ့ မီး​တောက်​တွေ ၀န်းရံ​နေတာ​ကြောင့်  ဘယ်သူကမှသူ့အနားကိုမကပ်ရဲကြဘူး

သူ့ရဲ့မိဘအရင်း​တွေက​တောင် နဲနဲ​လောက်သတိမပြုမိလိုက်တာနဲ့ မီး​လောင်သွားမှာစိုးလို့ ဖုန်းစီအနားကိုမကပ်ရဲကြဘူး

နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုတို့က ဖုန်းစီ မ​မွေးခင်ထဲက ဆက်ဆံ​ရေးမှာ အဖုအထစ်​လေး​တွေရှိခဲ့တယ်

ဖုန်းစီက ဒီလိုမျိုး​မွေးဖွားလာတဲ့အခါမှာ​တော့ နဂါးမျိုးနွယ်စု၀င်ဖြစ်တဲ့ သူ့အ​ဖေက သူ့ကိုကျက်သ​ရေမရှိဘူးလို့ ယူဆပြီး ဖီးနစ်မျိုးနွယ်စု၀င်သူ့ဇနီးကို လုံး၀လျစ်လျူရှုလိုက်​တယ်

ခင်ပွန်းရဲ့လျစ်လျှူရှုခြင်းကိုခံရတဲ့ အ​ကြောင်းအရင်းဟာ ဒီကျက်သ​ရေမရှိတဲ့ ဒုက္ခအိုး သားတစ်​ယောက်​ကြောင့်လို့ သတ်မှတ်ပြီး ဖုန်းစီကိုစွန့်ပစ်လိုက်တယ်

အဲ့ဒီလိုနဲ့ပဲဖုန်းစီက အထီးကျန်စွာ တစ်ကိုယ်ထဲကြီးပျင်းလာခဲ့ရတယ်

မူလဇာတ်​ကြောင်းထဲမှာ​တော့ ဖုန်းစီက ဇာတ်လိုက်မ ​ကောင်းကင်​လောကကို ပထမဆုံး​ရောက်လာပြီး အမျိုးသားဇာတ်လိုက်ကသူမကို သွားကြိုတဲ့အချိန်မှာ ​ပေါ်လာခဲ့တာဖြစ်တယ်

Final Boss Is No JokeWhere stories live. Discover now