Arc-1.18

3.5K 521 2
                                    

➡️Unicode

ထိုလူက ချက်ချင်းပဲဖိုင်ကိုလက်ခံလိုက်တယ်. ပြသနာမရှိဘူးဆိုတာသေချာအောင်စစ်ကြည့်ပြီး သတိထားပြီးပြောလိုက်တယ်

“ မပူပါနဲ့။ ဒီကိစ္စကိုဘယ်သူမှမသိနိုင်ဘူး”

ရှီရှန်းခေါင်းငြိမ့်ပြလိုက်တယ်
"သွားလို့ရပြီ"

သူကလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သလိုပဲအလျင်အမြန်ထွက်မပြေးနိုင်တာပဲရှိတယ်

တံခါးဖွင့်လိုက်တဲ့အချိန်မှာ ရှီရှန်း “ မင်းသစ္စာမဖောက်ဖို့မကြံနဲ့” ဆိုတဲ့အသံကနားထဲမထပ်ခါထပ်ခါကြားနေတယ်.

သူ့ရဲ့လက်တွေဟာ ချက်ချင်းအေးစက်သွားခဲ့ရတယ်. အခန်းထဲမှမထွက်ခင် ရှီရှန်းကိုအချက်ပြတဲ့အနေနဲ့ ခေါင်းငြိမ့်ပြခဲ့လိုက်တယ်

  သူထွက်သွားတဲ့အချိန်မှာ ရှီရှန်းကသူမရဲ့ ခတ်ထန်နေတဲ့ ပုံရိပ်ပျောက်သွားပြီး ကြောင်လေးတစ်ကောင်လိုပျော့ပျောင်းသွားတော့တယ်။ 

လင်းမိသားစုတွင်မနာလိုသူတွေ များလွန်းတယ်. 
သူမကအစောပိုင်းအဆင့်များမှာပဲ အလုပ်အချို့လုပ်ခဲ့ရပြီး နောက်ပိုင်းတွင် လင်းမိသားစုပြိုလဲစေလိုသူ များစွာကြောင့်ဘာမှ 
သိပ်မလုပ်ခဲ့ရဘူး. 

[Host. စကင်ဖတ်စစ်ဆေးမှုမှအချက်အလက်များအရ hostမှာဟက်ကာစွမ်းရည် ကြိုတင်မရှိ၊ မူလခန္ဓာကိုယ်မှာလည်းမရှိခဲ့ဘူး  ကျေးဇူးပြုပြီးဘယ်လိုလုပ်လိုက်သလဲဆိုတာရှင်းပြပေးပါလား  ]

လင်းမိသားစုကိုပြိုလဲစေချင်သူအားလုံးရဲ့ hacking ကျွမ်းကျင်မှုဖြင့် အချက်လက်‌တွေ ‌စုဆောင်းရရှိခဲ့ခြင်းဖြစ်တယ်

[System.မှာထည့်ထားတဲ့အချက်အလက်များကိုပင် ဖွင့်လှစ်ထားခြင်းမရှိသေးဘူး hostဘယ်ကနေသင်ထားတာလဲ hostကသာမန်ဉာဏ်မဟုတ်လောက်ဘူးထင်တယ်]

"ငါမွေးကတည်းက စွမ်းရည်ပါလာတာလို့ထင်နေတာလား"

[ဟိုတခါ ပေါက်ကွဲမှုတုန်းကရော ဘယ်လိုရှင်းပြမှာလဲ?]

“ နင့်မေးခွန်းကိုဖြေဖို့ ငါငြင်းတယ်”လို့
ရှိီရှန်းဖြေလိုက်တယ်

Final Boss Is No JokeWhere stories live. Discover now