Arc-3.21

1.6K 302 2
                                    

°°°Unicode°°°

တစ်ဦးနဲ့တစ်ဦးရန်ငြိုးတွေသာမရှိဘူးဆိုရင်သူတို့တွေတိုက်ခိုက်ကြမှာမဟုတ်ဘူး

ရှီရှန်းကိုလင်းရီရီကမြူခိုးတောင်ဂိုဏ်းကိုပြန်ခေါ်သွားတယ်

အချို့လူတွေရဲ့မျက်နှာကဒေါသထွက်နေပုံ​​ပေါ်ပေမဲ့ဘာတစ်လုံးမှထုတ်မပြောရဲဘူး

ယဲ့ချင်ချိုးကမြူခိုးတောင်ဂိုဏ်းမှာမရှိဘူး.

ပြီးတော့လင်းရီရီက ကိုယ်ရေးကိုယ်တာအရတောင် သခင်တစ်​ယောက်ရဲ့တပည့်နဲ့ဇနီးလည်းဖြစ်တာကြောင့် ဘယ်သူကမှ သူမကိုရန်မစရဲဘူး

ပိုအရေးကြီးတဲ့အချက်က သူမကိုသူတို့ မနိုင်ဘူး .

သူတို့သူမကိုနိုင်တယ်ပဲထားပါအုံး

လင်းရီရီက ကောင်းကင်ဘုံစွန်း​ တောင်ထွဋ်သခင်ဆီသွားပြီး သူတို့ကို ဒုက္ခပေးရင်အရှက်ရစရာတွေပဲ ဖြစ်လာလိမ့်မယ်

"ဆရာကထွက်သွားပြီတဲ့လား"

ဒါကရှီရှန်းလုံးဝကိုမျှော်လင့်မထားတဲ့အရာဖြစ်တယ်

ယွီရှောင်းကပိုင်လန်ကိုကောင်းကင်ဘုံစွန်းတောင်ထွဋ်ရဲ့ဆရာသခင်အဖြစ်လွှဲပြောင်းပေးပြီးတော့ထွက်သွားပြီ

"အင်း....,ဒေါ်လေးလျှောက်သွားနေတဲ့အချိန်တုန်းကကောလဟာလတွေအများကြီးပဲဆရာကထွက်သွားပြီ . အစပိုင်းတုန်းကတော့အဆက်အသွယ်ရှိသေးတယ်...နောက်ပိုင်းကြတော့ ဘာသတင်းမှ မကြားရတော့ဘူး ဂိုဏ်းတူဒေါ်လေး ထုန်းတောင်ဂိုဏ်းမှာ ဘာတွေဖြစ်ခဲ့တာလဲ...ဘာလို့သူတို့က ဒေါ်လေးကို မကောင်းဆိုးဝါးကျင့်ကြံသူလို့ ပြောနေကြတာလဲ"

"မကောင်းဆိုးဝါးကျင့်ကြံသူ..."

ရှီရှန်း ကသူမမျက်ခုံးကိုပင့်လိုက်တယ်

"ပြောစမ်းပါဦး,သူတို့ငါ့အကြောင်းဘာတွေများပြောကြသေးလဲ"

အရင်က သူမလွတ်သွားပြီးတဲ့ အချိန်တုန်းက ယဲ့ချင်ချိုးနဲ့လုံ့ကျွယ်က အကြောင်းအရင်းတစ်ခုကြောင့် အငြင်းပွားကြပြီး သူတို့အချင်းချင်း တိုက်တောင်တိုက်ခိုက်လိုက်ကြသေးတယ် .

Final Boss Is No JokeWhere stories live. Discover now