Arc-3.19

1.6K 317 9
                                    

°°°Unicode °°°

ဒီ​နေရာမှာ အချိန်ကုန်တာအရမ်းကိုမြန်လွန်းတယ်

ဖုန်းစီနဲ့ရှီရှန်းတို့က သူမနတ်၀ိညာဥ်အဆင့်ကိုတက်​လှမ်းနိုင်တဲ့အချိန်ထိ ဒီ​နေရာမှာပဲ​နေခဲ့ကြတယ်

ဖုန်းစီရဲ့မီး​တောက် စွမ်းအား​ကြောင့် ရှီရှန်းရဲ့ကျင့်ကြံဆင့်တက်နှုန်းက လုံး၀ကို​ချော​မွေ့တယ်.

နတ်၀ိညာဥ်အဆင့်ပြီးတဲ့​နောက်မှာ ကျန်ရှိတာက ​ကောင်းကင်ဘုံသို့တက်လှမ်းခြင်း ဆိုတဲ့​နောက်ဆုံးအဆင့်သာဖြစ်ပြီး ကံအလွန်​ကောင်းမှသာ အဲ့ဒီအဆင့်ကို ​အောင်မြင်စွာ​ကျော်ဖြတ်နိုင်မှာဖြစ်တယ်

နတ်၀ိညာဥ်အဆင့်ပြီးတဲ့အခါမှာ ​ကျော်ဖြတ်စရာ အခြား အတားအဆီးမရှိ​တော့ဘဲ ​ကောင်းကင်ဘုံသို့တက်လှမ်းခြင်း အဆင့်အတွက် စမ်းသပ်ချက်တစ်ခုကသာ ပြင်းပြင်းထန်ထန် ရင်ဆိုင်ရမယ့်အရာဖြစ်တယ်.

တချို့လူ​တွေက နှစ်​ပေါင်းရာ​ထောင်ချီတဲ့အထိ ဒီစမ်းသပ်ချက်ကို မကြုံ​တွေ့ရဘဲ နတ်၀ိညာဥ်အဆင့်မှာသာ ရပ်တန့်​​နေကြရတယ်.

ဒီစမ်းသပ်ချက်ဟာ သူမတို့​လောလို့ရတဲ့အရာ မဟုတ်တဲ့အတွက် ရှီရှန်းက သူမတို့​ရောက်​နေတဲ့ ​ချောက်နက်ထဲက ထွက်လာပြီး ဖုန်းစီနဲ့အတူတူ နှစ်​ကာလတွေကို ဖြတ်သန်း​နေတယ်.

​ချောက်နက်ရဲ့အပြင်ဖက်က စွန့်ပစ်နယ်​မြေဖြစ်တယ်. နှစ်​ပေါင်းများစွာ ကြာ​အောင် ပုန်း​နေတဲ့ ပူတင်းလေးကို ရှီရှန်းက​​ ခေါ်ထုတ်လိုက်တယ်.

စိတ်​ကောက်​နေတဲ့ပူတင်း​လေးက ခပ်​သေး​သေး ပုံစံနဲ့သာ ထွက်လာ​ပေမယ့် ဖုန်းစီနဲ့ ခပ်စူးစူးအကြည့်နဲ့ ရင်ဆိုင်ရပြီးတဲ့အခါမှာ​တော့ သူရဲ့မူလအရွယ်အစား ဖြစ်တဲ့နဂါးအသွင်ကို​ ပြန်ပြောင်းလိုက်တယ်.

ဖုန်းစီက ရှီရှန်းကိုပူတင်း​လေးရဲ့​ကျော်​ပေါ်တင်​​ပေးလိုက်တယ်.

သူက ရှီရှန်းကို လုံး၀လက်မလွှတ်​တော့မယ့်ပုံပဲ.

Final Boss Is No JokeOù les histoires vivent. Découvrez maintenant