➡️Unicode
"ရှမန် ...မင်းဒီကိုပြန်လာရဲသေးတယ်ပေါ့ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ ငါသာ နင့်နေရာမှာဆိုရင် နိုင်ငံခြားမှာပဲတစ်သက်လုံး နေသွားလိုက်တော့မယ် ကိုယ့်ကိုကိုယ်နဲ့ ရှမိသားစုကို အရှက်ရအောင် လုပ်မနေတော့ဘူး"
ရှီရှန်းကလမ်းလျှောက်လာရင်းနဲ့ တစ်ယောက်ယောက်က ရှမန်နာမည်ကိုပြောနေတာကြားတော့ ပြန်လှည့်လာလိုက်တယ်. ရှီရှန်းနဲ့ သိပ်မေ၀းတဲ့နေရာမှာ လှလှပပ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ရှမန်ရှေ့မှာ ပိတ်ရပ်နေတယ်.ရှမန်ရဲ့အကြည့်တွေကအေးစက်လာပြီးတော့ မာကျောစွာပြန်ပြောလိုက်တယ်
"ငါနဲ့ရှမိသားစုက ဘာမှမဆိုင်ဘူး"
ရှရွှမ်းရဲ့မျက်နှာမှာ ကောက်ကျစ်စဥ်းလဲမှုတွေနဲ့အပြည့်ဖြစ်နေတယ်
"သြော် နင်ကရှမိသားစုကိုမမှီခိုတော့ဘဲ စပွန်ဆာတောင်ရှာနေပြီပေါ့ အေးလေ ဟုတ်သားပဲ နင့်မှာ အသုံးချစရာဆိုလို့ နင့်ခန္ဓာကိုယ်ပဲရှိတော့တာမလား"
"ဖြန်း!!!!"
ရှရွှမ်းက လဲကျသွားပြီး ရှီရှန်းကို တွန်းမိလိုက်တယ်
ရှီရှန်းကလည်းယိုင်သွားပြီးတော့ သူမဘေးမှာရှိနေတဲ့ပန်းအိုးကို တိုက်မိလိုက်တယ် ပန်းအိုးက လေးထောင့်ဖြစ်ပြီးတော့ ထောင့်ချိုးတွေလည်းရှိတာမို့လို့ တိုက်မိတဲ့အခါမှာ သူမရဲ့ခါးကိုအနာတရဖြစ်သွားစေတယ်
~ငါလေးက ရပ်ကြည့်နေရုံပဲကို ဘာကိစ္စ ထိခိုက်သွားရတာလဲ ပြီးတော့ ဟိုအကောင်စုတ် လုချင်းယွင် က ငါ့ကိုလှမ်းဖမ်းလိုက်ရင် သူသေသွားမှာမို့လို့လား~
လုချင်းယွင်က သူမဘေးနားလေးတင်မှာပဲရပ်နေတာ.
သူသာ ကူညီချင်စိတ်ရှိရင် ဘာမှသိပ်အားမထုတ်ဘဲနဲ့ သူမကိုလှမ်းဆွဲလိုက်လို့ရတယ် ဒါပေမယ့် ဒီခွေးသူတောင်းစားကောင်ကတော့ သူမ လဲသွားတာကို လက်ပိုက်ပြီးတော့ ပြုံးပြုံးကြီးပဲကြည့်နေတယ်"မင်းအဆင်ပြေရဲ့လား"
လက်တစ်စုံက သူမကိုလာထူပေးတယ်.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...