➡️Unicode
ရှန်ပိန်ပါတီ ပြီးတဲ့အချိန်ကစပြီးတော့ လုချင်းယွင်ဘက်က ဘာမလှုပ်ရှားရသေးဘူး.
ဒါပေမယ့် ရှီမိုကတော့ ရှီရှန်းကိုအခက်အခဲတွေနဲ့စတင် ရင်ဆိုင်နေရစေတယ်
ထန်းရင်းက ပါတီမှာဘာဖြစ်ခဲ့တယ်ဆိုတာကိုမသိတဲ့အတွက် ကျန်း၀မ်အပေါ် companyရဲ့ ရုတ်တရပ်သဘောထားပြောင်းလဲမှုကိုနားမလည်နိုင်ခဲ့ဘူး.
ရှီရှန်းဆီက အကျိုးအကြောင်းပြန်ကြားပြီးတဲ့အခါမှာတော့ ထန်းရင်းက ရေချိုးခန်းထဲမှာ တိတ်တိတ်လေးသွားငိုချင်လာတယ်
~အပုပ်ချတဲ့ ကောလဟာလတွေဆိုရင် ရက်အနည်းငယ်လောက်ကြာတဲ့အခါမှာ ဖြေရှင်းလို့ပြီးနိုင်တယ် ဒါပေမယ့်...companyပိုင်ရှင်ကို ရန်သွားစလိုက်တယ်တဲ့လား အနုပညာအသိုင်းအ၀ိုင်းမှာ ဆက်နေဖို့ခက်ခဲတော့မယ် ~
အမူအရာမပြောင်းမလဲဘဲထိုင်နေတဲ့ရှီရှန်းကို ကြည့်မိတဲ့အခါမှာ ထန်းရင်းက ငိုချင်သလိုလို ရီချင်သလိုလိုဖြစ်သွားတယ်
~မင်းတော့ ဒီလောကကြီးမှာ ဆက်နေဖို့ ခက်ခဲတော့မယ်လေ ဘယ်လိုတောင်အေးဆေးနေနိုင်ရတာလဲ~
''ရှေ့ဆက်ပြီး ဘာလုပ်မယ်လို့တွေးထားလဲ"
တုံးဖန်အင်တာတိန်းမန့်နဲ့ စာချုပ်သက်တမ်းက ၂နှစ်ခွဲတောင်ကျန်သေးတယ.Companyကသူတို့အတွက် သရုပ်ဆောင်ဖို့နေရာမပေးလို့ ထန်းရင်းကိုယ်တိုင်ရှာပေးမယ်ဆိုရင်တောင် ဘယ် ဒါရိုက်တာတွေက တုံးဖန်း ကိုဆန့်ကျင်ပြီးသူတို့ကို ကူညီရဲမှာလဲ
ရှီရှန်းကဖြေလိုက်တယ်
"ကျွန်မတို့စောင့်ကြတာပေါ့"
"စောင့်မယ် ဟုတ်လား...!!!!!"
~ဘာကိုစောင့်မှာလဲ မင်းရဲ့ငယ်ဘ၀ကြီးတစ်ခုလုံး ကုန်ဆုံးသွားတာကိုစောင့်မှာလား?~
အနုပညာရှင်တွေရဲ့အောင်မြင်မှုက သူတို့ရဲ့ ငယ်ရွယ်မှုနဲ့ဆက်စပ်နေတယ် ၁နှစ်၂နှစ်လောက် တိမ်မြုပ်နေမယ်ဆိုရင်တောင် ပြန်ပြီးကျော်ကြားလာဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ကိစ္စပဲ
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...