➡️Unicode
2l
Xia Xuan က သူမရဲ့ဘဝအတွက် သိပ်မကြိုးပမ်းခဲ့ရဘူး။ အခြားဘက်မှာတော့က တစ်စုံတစ်ယောက်က ရုန်းကုန်နေခဲ့ရတယ်.
လူသတ်မှုကိုကြိုးစားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျုံးရီ..
သူကအစိုးရအမှုထမ်းရဲ့သားဖြစ်ပြီး ဓာတ်ပုံများနှင့်ဗွီဒီယိုများကို ရှီရင်း သူ့ဆီက 'ရ' ခဲ့တာဖြစ်တယ်။ ထိုနှစ်က အဲ့ဒီဖြစ်ရပ်ပြီးတဲ့နောက် ကျုံးရီက နိုင်ငံခြားသို့သွားတဲ့အခါ သူနှင့်အတူမှတ်တမ်းတွေကို ယူသွားခဲ့တယ်။သူကပြည်မကို ပြန်မလာဖို့ဆုံးဖြတ်ထားပေမဲ့ ဖြစ်ရပ်ဆိုးကြီးက သူ့အရိုးထဲထိစွဲနေခဲ့တယ်.သူ့ရဲ့ အတိတ်ဆိုးကြီးက အရိပ်သဖွယ် နေ့စဥ် အချိန်တိုင်းကို ခြောက်လန့်နေခဲ့တယ်.အစကတော့ သူ့ကဓာတ်ပုံတွေကို လုံခြုံစွာသိမ်းဆည်းထားရင် စိတ်ဆင်းရဲနေရတာတွေ ပျောက်သွားမယ်ထင်ခဲ့တယ်
ဒါပေမဲ့ အချိန်တွေသာကြာခဲ့တယ် သူ့လိပ်ပြာမလုံမှုတွေက ပျောက်မသွားခဲ့ဘူး. အဆုံးသတ်မှာတော့ သူဟာဒီအရိပ်ထဲမှာ နေနေရတာကိုကြောက်လန့်လာခဲ့တယ်.. ပြန်မတက်နိုင်တဲ့ချောက်နက်ကြီးထဲ ပြုတ်ကျခဲ့ရတာကြီးကို မုန်းလာခဲ့တယ်.
ဒီနှစ်တွေအတောအတွင်း သူ့လိုလူမျိုးတွေကိုရှာနေခဲ့တယ်(အနိုင်ကျင့်ပြီး ရှောင်ပြေးခဲ့တဲ့ အုပ်စုထဲက ကျန်တဲ့လူတွေကိုပြောတာပါ). မကြာသေးခင်က အင်တာနက်ပေါ်မှာ လူတွေရဲ့ မကျေနပ်အပြစ်တင်နေကြတာကို သူတွေ့ခဲ့တယ်.သတင်းတွေက ရှရွှမ်းနာမည်က အဓိကဆိုတာ သူသိပြီးတာနဲ့ ဓာတ်ပုံတွေကို ဆက်ပြီးသိမ်းမထားဖို့ ဆုံးဖြတ်ခဲ့တယ်.
ရှရွှမ်းကိုဘာကြောင့် ပစ်မှတ်ထားချင်ရတာလဲဆိုတာ သူကိုယ်တိုင်တောင်မသိခဲ့ဘူး။ သူ့ကို ဆက်ပြီး ပုန်းမရှောင်ဖို့ အသံတစ်သံက ဆက်တိုက်ပြောနေခဲ့တယ်.
ကျုံးရီက အဖမ်းခံခဲ့ပြီး အားလုံးကို ဝန်ခံခဲ့တယ်. သူက မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအားလုံးကို သက်သေအဖြစ် အစိုးရကို ပေးခဲ့တယ်.ဗီဒီယိုထဲမှာ သွေးထွက်သံယိုတွေနဲ့ ကြောက်မက်ဖွယ်ကောင်းလှတယ်. ထိုစဥ်က သူအပါဝင် အားလုံးက ဆေးသုံးထားကြောင်းပါ ဖွင့်ပြောခဲ့တယ်.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...