°°°Unicode °°
"ကျွန်မကကောင်းကင်ဘုံလောကကိုသွားလို့မရသေးဘူး"
ရှီရှန်းကသူမခေါင်းကိုအကြိမ်ကြိမ်အခါခါ ခါယမ်းလိုက်တယ်
"ကျွန်မကအခုမှ အခြေတည်အဆင့်ပဲ ရှိသေးတာကောင်းကင်ဘုံကို တက်လှမ်းဖို့ဆိုတာ အဝေးကြီးလိုသေးတယ်"
ဖုန်းစီကသူ့မျက်ခုံးကို ပင့်လိုက်တယ်
"ဒါပေမဲ့ ရှင်ကကျင့်ကြံခြင်းလောကမှာ နေလို့ရတယ်လေ"
ရှီရှန်းရဲ့မျက်လုံးတွေကအရောင်လေးတွေလက်လာတယ်
"ရှင်ကောင်းကင်ဘုံလောကမှာ နေလာတာအရမ်းကြာနေပြီမဟုတ်လား....အဲဒီတော့ရှင်နေရာပြောင်းပြီး နေကြည့်ရင် အတွေ့အကြုံအသစ်တွေရတာပေါ့, ကျွန်မဆိုလိုတာက....ဒီမှာနေပါလား.."
"အကယ်လို့ ကိုယ်သာ ဒီမှာနေမယ်ဆိုရင် မင်းကကော ကိုယ်ကို့ အဖော်ပြုပေးနေမှာလား"
"ဒါပေါ့" ,
'ကျွန်မက ရှင့်ကို ကောင်းကင်ဘုံရဲ့အရှင်သခင်ဖြစ်အောင် ကူညီရဦးမယ်ဆိုတော့ ရှင်နဲ့အတူနေရမှာပေါ့,ရင်းနှီးမှုနဲ့ယုံကြည်မှုအမှတ်တွေ တိုးလာအောင် ဒီအခွင့်အရေးကို အသုံးချရမှာပေါ့'
"ကောင်းပြီလေ"
ရှီရှန်း ကသူမပါးစပ်ဖျားနားကို ရောက်လာတဲ့စကားလုံးတွေကို လျှို့ဝှက်စွာမျိုချပြီးပြောလိုက်တယ်,
'ရှင်သဘောတူတာကလည်း အရမ်းမြန်တာပဲငါလေးရဲ့သိမ်းသွင်းတဲ့ စကေးတွေကိုတောင်မပြလိုက်ရဘူး....ရှေးခေတ်ဗီလိန်တွေကသိမ်းသွင်းရတာ လွယ်သားပဲ'
ဖုန်းစီက သူ့နဲ့နီးနီးကပ်ကပ် နေနိုင်တဲ့သူကို မတွေ့ဖူးဘူး,
အခုသူရဲ့အနားကို ကပ်နိုင်တဲ့ ရှီရှန်းကိုမြင်ရတဲ့အခါမှာ သူအရမ်းကို ပျော်ရွှင်သွားတယ်,
သူမကိုသူ့ဘေးမှာပဲ တစ်သက်လုံးထားချင်နေတယ်
"ငါမင်းအတွက် ဟိုမြွေသားရဲကို ဖမ်းပေးမယ်"
ဖုန်းစီက ရှီရှန်းရဲ့လက်ကို ဆွဲပြီးတော့ တိမ်မည်းတွေ အုံ့ဆိုင်းနေတဲ့နေရာကို ခေါ်သွားတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...