ဟီလို ဟီလို Arc2လေးဆက်လိုက်ရအောင်နော်. ဒီညတော့မိတ်ဆက်သဘောလေးပဲပေါ့➡️Unicode
"ဖြန်း"
မူလခန္ဓာကိုယ်ထဲကိုရှီရှန်းရောက်လာတဲ့အချိန်မှာပဲ အရှိန်ပြင်းပြင်းနဲ့ပါးရိုက်ခံလိုက်ရတာကြောင့် ခန္ဓာကိုယ်က တစ်ပတ်လည်သွားပြီး လဲကျသွားတယ်
"Cut!!!! မင်းကိုဘယ်သူက လဲကျခိုင်းလို့လဲ ဘာကိစ္စထိုင်ချပစ်လိုက်တာလဲ မင်းကိုယ်မင်း လင်းသိုက်ယွီ လို့ထင်နေလား ဟမ်. ဒီအခန်းကိုရိုက်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူး အခုအချိန်ထိမှန်အောင်မလုပ်နိုင်သေးဘူးလား "
လော်စပီကာ ကနေထွက်လာတဲ့ စကားသံအကျယ်ကြီး ကြောင့် ရှီရှန်းဆွံ့အသွားရတယ်.
ရှီရှန်းက သူမအခုရောက်နေတဲ့နေရာအကြောင်း မစူးစမ်းခင်မှာ ခေါင်းကိုခါယမ်းလိုက်တယ်,ရှီရှန်းအခု ရောက်နေတဲ့ နေရာက ရှေးခေတ်ပုံစံ ပြင်ဆင်ထားတဲ့အခန်းတစ်ခုထဲမှာဖြစ်ပြီး သူမအရှေ့မှာရပ်နေတဲ့ မိန်းမလှလေးက ရှေးဟောင်း၀တ်စုံကို၀တ်ဆင်ထားတယ်.
သေချာတာပေါ့ အဲ့ဒီအလှလေးက ရှီရှန်းလို စိတ်ပျက်စရာကောင်းတဲ့သူကို နည်းနည်းလေး မှ စိတ်မ၀င်စားတဲ့ပုံနဲ့ မောက်မာစွာရပ်နေတယ်.
ရှီရှန်းက မူလကိုယ်နဲ့ သူမအရှေ့ကမိန်းမလှလေးတို့ရဲ့ရန်ကြွေးကိုမသိတဲ့အတွက် သူမရဲ့စိတ်ကိုအရင်ဆုံးတည်ငြိမ်အောင်ထားလိုက်ပြီး ဘာကိစ္စမှမရှိခဲ့သလိုမျိုးနဲ့ ဒါရိုက်တာကိုသာ ဦးညွတ်ပြီးတောင်းပန်လိုက်တယ်
"တောင်းပန်ပါတယ် ဒါရိုက်တာကြီးရှင့် နောက်တစ်ကြိမ်မှာ ကြိမ်းသေအောင်မြင်စေရပါ့မယ် "
ဒါရိုက်တာက ခပ်၀၀လူကြီးတစ်ယောက်ဖြစ်တယ် သူက စိတ်ဆိုးနေတယ်ဆိုပေမယ့် ရှီရှန်းလို မိန်းမငယ်လေးတစ်ယောက်က ရိုရိုကျိုးကျိုး တောင်းပန်နေတာကို မြင်တဲ့အခါမှာ သူမကိုဆက်ပြီး ခက်ခဲအောင်မလုပ်တော့ဘူး.
သူက မအီမသာပုံစံနဲ့ လက်ကိုသာ ယမ်းပြလိုက်တယ်
"သွား သွား ခနလောက်အနားယူလိုက် နောက်ထပ်နဲနဲလောက်ကြာမှ ဆက်ရိုက်ကြမယ် "
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...