➡️Unicode
ရွှီချန်ယွဲ့ကစီးပွားရေးတက္ကသိုလ်မှာတက်ရောက်နေတယ်ဖြစ်တယ်
သူမကရွှီမိသားစုရဲ့တစ်ဦးတည်းသောသမီးဖြစ်တဲ့အတွက် အနာဂတ်မှာရွှီမိသားစုကိုဆက်ခံရမယ့်သူလည်းဖြစ်တယ် .
အဲ့ဒါကြောင့်ဒီတက္ကသိုလ်မှာပညာသင်ကြားနေတယ်ဆိုတာသူမအတွက်တကယ်အရေးပါတဲ့ကိစ္စတစ်ခုဖြစ်တယ်.ရွှီချန်ယွဲ့ကသူမအဖေဆီကစီးပွားရေးဆိုင်ရာအရည်အချင်းတွေကိုအမွေဆက်ခံရရှိခဲ့ပုံပဲနန်ကုန်းကျင်းနောက်ကိုတကောက်ကောက်လိုက်နေရတုန်းကတောင် သူမအဆင့်တွေမကျသွားဖူးဘူး
တက္ကသိုလ်၀င်းထဲမှာအဆောင်လွတ်များများမရှိတဲ့အတွက်ကြောင့် ရှီရှန်းလည်းနောက်ထပ်နေဖို့အဆောင်ခန်းကိုရှာဖွေရတော့တယ်. ဒါပေမယ့် တက္ကသိုလ်အနီးမှာရှိတဲ့အဆောင်တွေအားလုံးက နေရာတွေပြည့်နေကြပြီ အဲ့ဒီထက်ပိုဝေးတဲ့နေရာတွေကိုငှားနေမယ့်အစား သူမရဲ့အိမ်ကိုပြန်လိုက်တာကပိုပြီးအဆင်ပြေသေးတယ်.ရွေးချယ်စရာသိပ်မရှိတဲ့အတွက် ရှီရှန်းလည်း အိမ်ကိုပဲပြန်တော့မယ်လို့တွေးထားလိုက်တော့တယ်.
ငပျင်းရှီရှန်းကတော့ တစ်နေကုန်စာအုပ်တွေထိုင်ဖတ်နေတယ်.သူမအကြောင်းကိုသိပ်မသိတဲ့လူတွေကတော့ ရှီရှန်းကနန်ကုန်းကျင်းနဲ့စေ့စပ်ပွဲပျက်သွားလို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာကိုဖြေဖျောက်ဖို့ စာအုပ်ပုံထဲခေါင်းနှစ်ထားတယ်လို့ထင်ကြတယ်.
ဒါပေမယ့် အမှန်တရားကတော့ရှီရှန်းကတော့ gap porn ၀တ္ထုဖတ်နေတာဖြစ်တယ်ပြသနာဖြစ်ခဲ့တဲ့ညကနေစပြီးတော့ အားနန်နဲ့ရှနဥ််တို့က ရှီရှန်းကိုလုံး၀လျစ်လျူရှုထားလိုက်ကြတော့တယ်. စုရီရီရဲ့အပြုအမူတွေကြောင့် ရှီရှန်းကလည်း သိုက်တူးတတ်တဲ့မိန်းမတစ်ယောက်ပုံစံပေါက်သွားရတယ်
"ရီရီ နင်ဒီအပတ်ဘောလုံးပွဲသွားကြည့်မှာလား"
အားနန်က အဆောင်ကိုပြန်ရောက်ရောက်ချင်းစုရီရီကိုမေးလိုက်တယ်.
ရှီရှန်းကိုမြင်လိုက်တဲ့အခါမှာတော့ မျက်စောင်းထိုးလိုက်တယ်

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...