°°°Unicode°°°
စိတ်ပျက်လက်ပျက် အမူအယာနဲ့ ဂူထဲကထွက်လာတဲ့ ယဲ့ချင်ချိုးက အပြင်မှာရပ်နေတဲ့၂ယောက်ကို သတိမပြုမိဘူး
သူမက ဒီမိစ္ဆာနဲ့ လွန်ခဲ့တဲ့ ၅နှစ်ကစပြီး အချိတ်အဆက် ရှိနေခဲ့တာဖြစ်တယ်.
အဲ့ဒီအချိန်တုန်းက သူမဟာ လူအချို့ကို အပြစ်ပြုမိကာ ထွက်ပြေးတိမ်းရှောင်နေရင်း ချောက်ကမ်းပါး တစ်ခုဆီ ရောက်လာခဲ့ပြီး
ရွေးချယ်စရာ အခြားနည်းလမ်းမရှိခဲ့တဲ့အတွက် ခုန်ချခဲ့ရတယ်.ယဲ့ချင်ချိုး သတိမမူမိခင်မှာပဲ ဒီမိစ္ဆာက သူမနဲ့ သွေးစာချုပ်တစ်ခုကို ချုပ်ပြီးသွားခဲ့ပြီ
သူမကသာ သွေးစာချုပ်ကို ဖျက်ပစ်ချင်တယ်ဆိုရင် ဒီမိစ္ဆာအတွက် ခန္ဓာကိုယ်အသစ်တစ်ခုကို ရှာပေးရလိမ့်မယ်
ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုရင် သန့်စင်ရေ၀ိညာဥ်သွေးကြောရှိတဲ့ အမျိုးသမီးကျင့်ကြံသူကို လိုအပ်တယ်.
ယဲ့ချင်ချိုးက ရေ၀ိညာဥ်သွေးကြောပိုင်ရှင်ဖြစ်ပေမယ့်လည်း ဒီကိစ္စကို လုံး၀ မကိုင်တွယ်ချင်ဘူး
အဲ့ဒါကြောင့်သူမက တခြားရေ၀ိညာဥ်သွေးကြောပိုင်ရှင်ကိုသာ ရှာရတော့တယ်
မူလဇာတ်ကြောင်းမှာတုန်းက ဂိုဏ်းချုပ်ရဲ့ကာကွယ်မှုကို ရရှိထားတဲ့အတွက် ယဲ့ချင်ချိုးက ချောက်ထဲကိုလည်း ခုန်မဆင်းခဲ့ရသလို ဒီမိစ္ဆာနဲ့လည်းမတွေ့ခဲ့ရဘူး.
အဲ့ဒါကြောင့်ရှီရှန်းကလည်း အခုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှသေချာမသိဘူး
သူမသိတယ်ဆိုရင်တောင်မှ ကံကြမ္မာရဲ့ဘက်လိုက်မှုကို အပြစ်တင်ရုံပဲ တတ်နိုင်မယ်.
မိစ္ဆာတွေနဲ့ပတ်သတ်ပြီး ရှန်းရှူခံစားခဲ့ရတာတွေက ဆိုး၀ါးလွန်းသလောက် ယဲ့ချင်ချိုးကြုံတွေ့ရသမျှကတော့ အမြည်းသဘောလောက်တောင် မရှိဘူး.
နောက်နေ့မနက် ရှီရှန်း ပြိုင်ပွဲကွင်းထဲရောက်တဲ့အခါမှာ တခြားသူတွေကသူမကို အရင်လောက် မကြောက်ရွံ့တော့ပဲ အတင့်ရဲနေကြတာကို တွေ့လိုက်ရတယ်.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...