Arc-2.14

2.7K 426 3
                                    

➡️Unicode

လုချင်းယွင် ကမိန်းကလေးနှစ်ယောက်စကားများနေတာကို စိတ်ဝင်စားမှုမရှိတာကြောင့် အဲ့နေရာကနေထွက်သွားတယ်။

"မစ္စတာလု.. ရှင်ကျွန်မကို ဘယ်အချိန်ဖြစ်ဖြစ် စပွန်ဆာပေးလို့ရတယ်နော်"

ရှီရှန်းကလုချင်းယွင်ကို အော်ပြောလိုက်တယ်.

လုချင်းယွင်ကလမ်းလျှောက်နေရင်း ခနလောက်တုံ့ဆိုင်းသွားတယ်ဆို​ပေမယ့် သူတို့မြင်ကွင်းကနေပျောက်ကွယ်သွားတယ်.

လုချင်းယွင်ထွက်သွားတာနဲ့ ထန်းရန်ကစကားကို ပြောချင်သလို ပြောတော့တယ်

"နင်အကိုကြီးလုချင်းယွင်ရဲ့ ပိုက်ဆံကိုမျက်စိကျနေတာမလား အကိုကြီးချင်းယွင်က နင့်ကိုလှည့်‌တောင်ကြည့်မှာ မဟုတ်ဘူး နင့်ရဲ့နောက်ခံအသိုင်းအဝိုင်းနဲ့ဆိုရင် သူ့ဖိနပ်ကိုလှမ်းထိဖို့တောင် အခွင့်အရေးမရှိဘူး"

ရှီရှန်း ပြန်ဖြေတာကိုမစောင့်ဘဲနဲ့ ထန်းရန်ကလုချင်းယွင်နောက်ကို လိုက်သွားတယ်

ရှီရှန်း"......"

ရှီရှန်းကသူမရဲ့နဖူးကိုနှိပ်လိုက်တယ်

~ဗီလိန်တစ်ယောက်နဲ့ နီးစပ်အောင်လုပ်ရတာမလွယ်မှန်းအခုမှသိတယ်~

ရှီရှန်းက သူမဒီတစ်သက် သန့်စင်ခန်းထဲကတောင် မထွက်နိုင်တော့​အောင် မူး​နေတယ်ဆို​ပေမယ့် သူမအားမွေးပြီးထွက်လာတယ် .

နားနေခန်းကိုရောက်တဲ့အခါမှာ လူတွေအများကြီးဆူဆူညံညံ ဖြစ်နေတာကို ကြားရတယ.  သူမလူအုပ်ကြားထဲကို တိုးဝင်သွားတဲ့အခါမှာ အခန်းတစ်ခန်းမှာ ဖန်ကွဲစတွေပြန့်ကြဲနေတာကိုတွေ့လိုက်ရတယ်

"ရှမန်..ငါတကယ်တောင်းပန်ပါတယ် ငါရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး "

ရှရွှမ်းက တောင်းပန်တဲ့မျက်နှာနဲ့ ရှမန်ကိုကူညီဖို့လုပ်နေတယ်

"ငါ နင့်ကိုယ်နင် မထိန်းနိုင်ဘူးလို့ မထင်လိုက်လို့ပါ။နင့်​ခေါင်းမှာသွေးတွေထွက်နေတယ်။ငါနင့်ကိုဆေးရုံကိုခေါ်သွားပေးမယ်။တောင်းပန်ပါတယ်အကုန် ငါ့အမှားတွေပါ"

Final Boss Is No JokeWhere stories live. Discover now