➡️Unicode
#ထိပ်တန်းမင်းသမီးတစ်လက်ရဲ့မတော်တဆဖြစ်ရပ် : ဒီကိစ္စက အရမ်းကိုမလေးနက်လွန်းဘူးလား #
#ရုပ်ရှင်နတ်ဘုရားမရဲ့ ရှက်ရွံ့ဖွယ် အတိတ်ဇာတ်ကြောင်း#
#ရှရွှမ်းရဲ့ မတော်တရော်ပုံတွေနဲ့ မူးယစ်ဆေးသုံးဆွဲခြင်း#
Weiboမှာ အရမ်းကိုhotဖြစ်နေတဲ့ခေါင်းစဥ်တွေအားလုံးက ရှရွှမ်းနဲ့သက်ဆိုင်နေတယ်.
သူမလိုထိပ်တန်းမင်းသမီးတစ်လက်က ဒီလိုသတင်းတွေထွက်လာတာကို လူတွေကအာရုံမစိုက်ကြဘူးဆိုမှသာ အထူးအဆန်းဖြစ်လိမ့်မယ်
ရှရွှမ်းရှိနေတဲ့ဆေးရုံပေါက်၀မှာသတင်းထောက်တွေ၀ိုင်း၀ိုင်းလည်နေပြီး တချို့သောသတင်းထောက်တွေဆိုရင် ဆေးရုံ၀င်းထဲကို ခနခနခိုး၀င်ဖို့ကြိုးစားကြတယ်
အထိနာသွားတဲ့ ရှရွှမ်းက ရှီရှန်းရဲ့မကောင်းကြောင်းတချို့ကိုပြန်လွှင့်ပြီး အာရုံပြောင်းဖို့ကြိုးစားတယ်
"ဒီတစ်ကြိမ်မင်းကံကောင်းသွားတယ် ဒီကိစ္စရဲ့နောက်ကွယ်မှာရှိနေတဲ့သူကိုငါသိနေလို့သာ တော်သေးတယ်. ဒီလိုသာမဟုတ်ရင် အခုလောက်ဆိုမင်းမှာ ပြသနာတွေအများကြီးတက်နေလောက်ပြီ သူမမှာမကောင်းတဲ့အကြံအစည် ရှိနေမှန်းသိရဲ့သားနဲ့ ဘာကိစ္စလိုက်သွားခဲ့ရတာလဲ .
ဒါရိုက်တာကြီးရဲ့ဇာတ်ညွှန်းမှာ မင်းတို့၂ယောက်က တူတူသွားရမယ်ဆိုရင်တောင် မင်းငြင်းလို့ ရတယ်လေ မင်းတို့၂ယောက်ကို ကော်လိုကပ်နေဖို့ ဘယ်သူက အတင်းအကြပ်တွန်းအားပေးနေမှာမို့လို့လဲ!!!!! "
ထန်းရင်း က ရှီရှန်းကို ဖုန်းဆက်ပြီး အဆက်မပြတ်ဆူပူနေတယ်
အချိန်အတော်ကြာသွားမှပဲသွားက စိတ်အေးလက်အေးဖြစ်သွားတော့တယ်'လူငယ်တွေကတော့ စိတ်လှုပ်ရှားလွယ်ကြတာပဲ ဒီကိစ္စလောက်ကတကယ်တမ်းဆိုရင် ပါမွှားလေးပဲကို'
ရှီရှန်းက ပြုံးလိုက်ပြီးတော့ သူမရဲ့အနားမှာ အနက်ရောင်အရှိန်အ၀ါတွေ ပေါ်ပေါက်လာတယ်

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...