°°°Unicode °°°
"ကိုယ်တို့က ဘာလို့ဒီကိုရောက်နေတာလဲ..ဒီမှာအရမ်းညစ်ပတ်တာပဲ..ကိုယ်မင်းကိုချီထားမယ် "
ရှီရှန်းရဲ့ တုန့်ပြန်မှုကိုမစောင့်နေဘဲ သူက သူမကို ချီမလိုက်တယ်
ရှီရှန်းက သက်ပြင်းချကာ သူ့လည်ပင်းကိုလှမ်းဖက်ထားလိုက်ပြီးဘယ်ကိုသွားရမယ်ဆိုတာ လမ်းညွှန်လိုက်တယ်
ဒါက ခရမ်း၀ါးတောင်ကုန်းရဲ့အပြင်က သစ်တောအုပ်ငယ်လေးဖြစ်ပြီး ကူးစက်ရောဂါတွေနဲ့ အဆိပ်ဓါတ်ငွေ့တွေအများကြီးရှိတဲ့နေရာလည်းဖြစ်တယ်.
မြေပြင်က သစ်ရွက်ကြွေတွေနဲ့ဖုံးအုပ်နေပြီး စိတ်မချမ်းမြေ့စရာ ပုပ်အက်အက် အနံ့ကလည်း လေထုထဲမှာဖုံးလွှမ်းနေတယ်
ရှီရှန်း ဒီကိုရောက်နေတာက ဇာတ်လိုက်မကို ရှာဖို့ပဲဖြစ်တယ်
ယဲ့ချင်ချိုးက ဒီနေရာမှာ ဖုန်းစီကိုနောက်ပိုင်းမှာ ရင်ဆိုင်နိုင်မယ့် စွမ်းအားအရမ်းကြီးမားတဲ့ မှော်စွမ်းအားကို လက်ခံရရှိခဲ့တာဖြစ်တယ်
ဗီလိန်တစ်ယောက်ဖြစ်တာနဲ့အညီ ရှီရှန်းကလည်း ဇာတ်လိုက်မ ဒီစွမ်းအားကို မရနိုင်အောင်လုပ်ရလိမ့်မယ်
ရှီရှန်းက အဲ့ဒီနေရာအတိအကျကို.မသိတာကြောင့် ယဲ့ချင်ချိုးကိုသာ ရှာနေလိုက်တယ်
"ရှေ့မှာတစ်ယောက်ယောက်ရှိနေတယ်"
ဖုန်းစီက ရှီရှန်းကို သတိပေးလိုက်တယ်.
အရှေ့မှာ မြေသားတွေစုပုံနေတဲ့ ကုန်းမို့ငယ်လေးရှိနေပြီး ရေညှိတချို့ပေါက်နေကြတယ်
ဖုန်းစီက ရှီရှန်းကို ချီထားရင်းနဲ့ အဲ့ဒီအပေါ်တက်လိုက်တယ်
သူတို့က အောက်မှာဖြစ်နေတဲ့အရာအားလုံးကို အပေါ်စီးကနေမြင်နေရတယ် ဒါပေမယ့် စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရှီရှန်းရဲ့မျက်လုံးကို ဖုန်းစီက လက်နဲ့အုပ်လိုက်ပြီးသူမရဲ့ခေါင်းကို သူ့ရင်ခွင်ထဲထည့်ထားလိုက်တယ် အောက်ကမြင်ကွင်းက အရမ်းကို..... ညစ်ညမ်းနေတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...