➡️Unicode
အဲ့ဒီလူကအခြားလူတွေရဲ့မြင်ကွင်းရှေ့မှာပိတ်ရပ်နေတာကြောင့်ရှီရှန်းဘာကိုင်ထားတယ်ဆိုတာမမြင်ကြရဘူး။
အနီးကပ်စောင့်ကြည့်ကင်မရာကနေအခန်းထဲကိုကြည့်နေတဲ့ လက်ထောက်ကသူမလက်ထဲမှာကိုင်ထားတဲ့လက်ပစ်ဗုံးကိုရှင်းရှင်းလင်းလင်းကြီး,တွေ့လိုက်တယ်။
.
အဲဒါကိုကြည့်ရတာစစ်သားတွေ အသုံးပြုတဲ့ဟာနဲ့ ခပ်ဆင်ဆင်ပဲ.ဒါပေမဲ့အနည်းငယ်ကွဲပြားနေတယ်ရှီရှန်းကိုကြိုးတုပ်ဖို့လာတဲ့လူကြီးက ~သောက်ချီး..ဒီကောင်မလေးကဒါကိုဘယ်နေရာကနေရခဲ့တာဘာလိမ့် ~လို့တစ်ယောက်တည်းတွေးနေတယ်
"မင်းခုချိန်ထိဒီနားမှာဘာရပ်လုပ်နေတာတုန်း.သူမကိုကြိုးတုပ်လိုက်စမ်း"
နန်ကုန်ကျင်းကဒေါသပိုထွက်လာတယ်
.
ဟိုလူကြီးကချွေးပြန်နေပြီးသူမလက်ထဲမှာကိုင်ထားတဲ့ဟာကိုမြင်အောင်ဘေးကိုဖယ်ပေးလိုက်တယ်~အဲမှာလေဘယ်ကမှန်းမသိတဲ့လက်ပစ်ဗုံးကြီး။ ငါကသူ့ကိုသွားပြီးကြိုးတုပ်ရဲမယ်လို့မင်းထင်နေတာလား~
နန်ကုန်ကျင်းကချက်ချင်းသဘောမပေါက်ပေမဲ့ လင်းဟောက်ကတော့သဘောပေါက်တယ်
အဲဒါကြောင့်သူ့ပုံစံကပြောင်းသွားပြီးစုရီရီကိုအပြင်ဘက်ခေါ်ထုတ်လိုက်တယ်.
"ရွှီချန်းယွဲ့မင်းရူးနေပီလား"
ရှီရှန်းကတော့သူတို့ကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်ပြီးလက်ထဲကလက်ပစ်ဗုံးနဲ့ကစားနေတယ်
"ရှင့်ကိုယ်ရှင်ပြန်ကြည့်ပါဦး ကြောက်နေလိုက်တာ။ ဒါကကစားစရာအရုပ်လေးပါဘဲကျွန်မဒါကိုစောစောကမှ ဒီအခန်းထဲကရှာတွေ့တာ"
လင်းဟောက်ကသူမလက်ထဲမှာရှိနေတဲ့လက်ပစ်ဗုံးကို စိုက်ကြည့်လိုက်ပေမဲ့ အတုလားအစစ်လားခွဲမရဘူးဖြစ်နေတယ်
အချိန်ခနလောက်စဥ်းစားပြီးတဲ့နောက်မှာသူတွေးလိုက်တယ်
သူမကချမ်းသာတဲ့မိသားစုကမမလေးတစ်ယောက်ပဲဟာကိုသူ့မှာဘယ်လိုလုပ်လက်ပစ်ဗုံးရှိနေနိုင်မှာလဲပြီးတော့သူမကိုဒီထဲမပို့ခင်ကတည်းကစစ်ဆေးပြီးသားလေ။သူမကိုယ်ထဲဖွက်ပြီးယူလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...