➡️Unicode
ပါတီပွဲတရား၀င်စတဲ့အချိန်ကျမှ ရှီရှန်းနဲ့ နန်ကုန်းသခင်မကြီးတို့ကအောက်ထပ်ကို တူတူဆင်းလာခဲ့ကြတယ်.နန်ကုန်းကျင်းကတော့ စိတ်မသက်မသာခံစားနေရပြီး သူ့ရဲ့စုရီရီကိုပိုပြီးအာရုံစိုက်နေရတယ်.ရှီရှန်းက လူတွေအများကြီးနဲ့စကားပြောရတာကိုမကြိုက်ပေမယ့် ဒီအသိုင်းအ၀ိုင်းထဲမှာတော့ အဲ့ဒီလို social ကျနေဖို့ကမရှိမဖြစ်လိုအပ်ချက်ဖြစ်နေတယ်
"မမလေးရွှီက တစ်ခေါက်ထက်တစ်ခေါက်ပိုပိုလှလာတာပဲနော်.နန်ကုန်းသခင်လေးကတော့အမှန်တကယ်ကိုကံကောင်းတဲ့သူပဲ.ငါတို့အိမ်ကချွေးမတွေနဲ့များတခြားစီပဲ.အခုတော့ ချွေးမကောင်းကောင်းလိုချင်ရင် ငါတို့သားတွေကိုမိန်းမကောင်းလေးတွေနဲ့စောစောစီးစီးစေ့စပ်ပေးထားရမယ်ဆိုတာ သင်ခန်းစားရခဲ့ပြီ"
"ဒါပေမယ့် အဲ့ဒါက လူအပေါ်မှာလဲမူတည်သေးတယ် လင်းမိသားစုက လူတွေကိုပဲ ကြည့်ကြည့်လေ.သူတို့လဲငယ်ငယ်ထဲကစေ့စပ်ပေးခံခဲ့ရတာပဲမဟုတ်လား?ဒါပေမယ့် သူတို့ဆိုလည်း နေ့တိုင်းရန်ဖြစ်နေကြပဲ သူတို့အိမ်မှာဆိုရင် အေးအေးဆေးဆေးနေရတဲ့နေ့ကိုမရှိဘူး ဟို ... မမလေးရွှီကိုပြောတာမဟုတ်ဖူးနော်.မမလေးရွှီစိတ်ထဲမထားပါနဲ့နော်"
ရှီရှန်းကသူမရဲ့မျက်လုံးထဲမှာစိတ်မရှည်မှုအရိပ်အယောင်တွေပြည့်နေပေမယ့် ၀တ်ကျေတန်းကျေလောက်တော့ပြုံးပြလိုက်ပါတယ်
~မကောင်းတဲ့မိန်းမကြီး ရှင်ဒီလိုပြောလိုက်တာနဲ့ပဲ ဘယ်သူကစိတ်မဆိုးတော့ဘူးလို့ထင်နေလို့လဲ~
~ဒီမိန်းမကြီးသုံးယောက်ကဆက်ပြီးသာစိတ်အနှောင့်အယှက်ပေးနေအုံးမယ်ဆိုရင် ငါထွက်မပြေးမိခင် တစ်ယောက်ယောက်ငါလေးကိုလာကယ်ထုတ်ကြပါတော့~"အန်တီ ဖေဖေအခုရောက်လာပြီမို့လို့ သမီးသူ့ကိုခနသွားကြည့်လိုက်အုံးမယ်နော်"
မူလပိုင်ရှင်ရဲ့အဖေကိုတွေ့တွေ့ချင်း ရှီရှန်းက ဟိုဘွားတော်ကြီးတွေကြားကနေ လစ်ထွက်လာခဲ့တယ်
ဒီလူတွေက ငွေကြေး အာဏာစတဲ့အရာတွေအားလုံးရှိကြတယ်.သူတို့ရဲ့ဘ၀သက်တမ်းတစ်လျှောက်က သူတို့ပိုင်တဲ့စည်းစိမ်တွေဂုဏ်ပုဒ်တွေအကြောင်းကိုယှဥ်ပြိုင်ရင်း အချိန်ကုန်လာခဲ့ကြတာဖြစ်တယ်
သူတို့ဟာ သူတို့ရဲ့မိဘတွေရဲ့စည်းစိမ်ကိုနှိုင်းယှဥ်ကြမယ် ဘယ်သူ့ခင်ပွန်းကပိုပြီးဂရုစိုက်တတ်လဲဆိုတာကို ယှဥ်ပြိုင်ကြမယ် ဘယ်သူ့သားသမီးကပိုတော်လဲဆိုတာကို ဂုဏ်ယူချင်ကြတယ်
ဒီလိုလုပ်ခြင်းကပဲ သူတို့ရဲ့ဘ၀မှာအပျင်းပြေစရာတစ်ခုဖြစ်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...