➡️Unicode
"မမလေး ကျွန်မတို့ရောက်ပါပြီ"
အမျိုးသမီးတစ်ယောက်ရဲ့နူးညံ့တဲ့အသံချိုချိုလေးကိုရှီရှန်းကြားလိုက်ရတယ်ရှီရှန်းကသူမရဲ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ သူမဟာကားတစ်စီးထဲမှာရောက်နေတာကိုတွေ့လိုက်ရတယ်
ဖွင့်ထားတဲ့ကားတံခါးရဲ့အပြင်ဘက်မှာရပ်နေတဲ့အမျိုးသမီးကရှီရှန်းကိုကြည့်ဖို့အတွက်ခါးကိုကိုင်းညွတ်လိုက်တယ်
ဒီအချိန်မှာ ရှီရှန်းတယောက်ပြောစရာစကားများပျောက်ရှနေခဲ့တယ်~အဲ့ဒီသောက်ချီးsystemကတော့
ငါ့ကိုဒီဇာတ်ညွှန်းထဲမပို့လိုက်ခင်
သေသေချာချာတောင်မရှင်းပြလိုက်ဘူး
ဖာ့ခ်!!! ဒီsystemကcustomerကိုကောင်းကောင်းမဆက်ဆံလို့ ဆိုးဝါးတဲ့reviewပေးပစ်မယ်~"မမလေး မသက်မသာခံစားနေရလို့လား?"
ရှီရှန်းရဲ့မျက်နှာအရောင်ကပုံမှန်ဖြစ်မနေတာကိုတွေ့တော့ အမျိုးသမီးဟာနဲနဲစိုးရိမ်သွားခဲ့တယ်
"partyကခုထိစသေးမှာမဟုတ်ဖူး
ကားထဲမှာခနလောက်အနားယူချင်သေးလား မမလေး""အင်း"
~စိတ်လျော့ စိတ်လျော့
ငါအခုတစ်ခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာပဲ~အဲ့ဒီအမျိုးသမီးစကားပြောနေတုန်း
ဒီကမ္ဘာရဲ့ဇာတ်ကြောင်းနဲ့
မူလခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်တွေကို လက်ခံဖို့အခွင့်အရေးကို ရှီရှန်းရလိုက်တယ်အမျိုးသမီးလည်းကားတံခါးကိုပြန်ပိတ်ပြီး ကားရှေ့ခန်းမှာ၀င်ထိုင်လိုက်တယ်
ရှီရှန်းလည်းသူမရဲ့မျက်လုံးတွေကိုမြန်မြန်ပိတ်ပြီးဇာတ်ကြောင်းကိုလက်ခံလိုက်တော့တယ်
[ ဒီကမ္ဘာရဲ့ဇာတ်ကြောင်းနဲ့မူလခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်တွေကို လက်ခံချင်ပါသလား
လက်ခံမည် / ငြင်းပယ်မည် ]
Systemရဲ့ အေးစက်စက်စက်စက်ရုပ်အသံကရှီရှန်းရဲ့စိတ်ကိုလွှမ်းခြုံသွားပြီး သူမအနေနဲ့ (လက်ခံမည်)ကိုမရွေးလိုက်ခင်မှာ အသက်ပြင်းပြင်းတစ်ချက်လောက်ရှူလိုက်တယ်
"လက်ခံမယ်"
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...