➡️Unicode
အဆုံးမှာတော့ သူတို့အဖွဲ့က ၈ယောက်ထိတိုးသွားခဲ့တယ်
ရှီရှန်းနဲ့လူသစ်လေး၄ယောက်ရယ် စုရီရှိုးရယ် ဖန်းလီချိုးနဲ့ သူမရဲ့အေးဂျင့်ရယ် တို့ပဲဖြစ်တယ်စုရီရှိုးနဲ့ဖန်းလီချိုးတို့က အလယ်တန်းတုန်းက အတန်းဖော် သူငယ်ချင်းတွေဖြစ်ကြတယ် . စုရီရှိုးနဲ့ဖန်းလီချိုးက တစ်ချိန်ထဲလောက်မှာပဲ နိုင်ငံခြားကိုထွက်သွားခဲ့ကြတယ်
နှမျောစရာကောင်းတာက သူတို့သွားခဲ့တဲ့နိုင်ငံတွေဟာမတူညီတာကြောင့် အချင်းချင်းမတွေ့ကြရဘူး.သူတို့နှစ်ယောက်က အချင်းချင်း သဘောကျကြတယ်ဆိုတာကိုရှီရှန်းက ခန့်မှန်းမိတယ် မဟုတ်ရင် စုရီရှိုးရဲ့ စွာလန်ကျဲအကျင့်စရိုက်အရ ဖန်းလီချိုးရဲ့စကားတွေကို အေးအေးဆေးဆေးငြိမ်ပြီးနားထောင်နိုင်မှာမဟုတ်ဖူ.
"အမ၀မ် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ အမမထင်ဘူးလား "
ဖန်ကျင်းယွီရဲ့မျက်လုံးတွေကတလက်လက်တောက်ပနေတယ်
'သူတို့နှစ်ယောက်က လိုက်ဖက်လွန်းလိုက်တာ တစ်ယောက်အတွက်တစ်ယောက်ဖြစ်တည်လာရသလိုပဲ'
" မင်းပြောမှသိတယ်ထင်မနေနဲ့ လူတိုင်းမှာ မျက်လုံးပါတယ် "
ကျန်းမင်ကဖန်ကျင်းယွီကိုမျက်စောင်း ထိုးလိုက်တယ်
ရှီရှန်းကအသာအယာ ပြုံးလိုက်တယ်"စားစရာရှိတာသာစားကြပါ"
~နောက်ဆုံးတော့ ဒီငကြောင်နှစ်ကောင်ရဲ့ စိတ်ကိုငါနားလည်ခဲ့ပြီး များများစားပြီး အောင်ပွဲခံရမယ် ဟားဟားဟား~
စားနေရင်းနဲ့ စုရီရှိုးဆီကို ဖုန်းတစ်call၀င်လာတယ်
သူက ဖန်းလင်ချိုးအာရုံပြောင်းနေတာကို အခွင့်ကောင်းယူပြီးတော့ ရှီရှန်းကိုမျက်ရိပ်ပြ ပြီးအပြင်ထွက်သွားတယ်
သူပြန်လာတဲ့အခါမှာ လုချင်းယွင်ကိုပါ ဒီအခန်းထဲကိုခေါ်လာတယ်
"ရှောင်၀မ်..လုချင်းယွင်မင်းကိုရှာနေတယ် "
သူက အခန်းတံခါး၀မှာရပ်နေရင်းနဲ့ရှီရှန်းကိုခေါ်လိုက်တယ်
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
KAMU SEDANG MEMBACA
Final Boss Is No Joke
Fantasiသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...