➡️Unicode
အသားလုံးလေးရဲ့fanတွေက သူမကိုလှောင်ပြောင်ချင်နေတဲ့သူတွေကို ချက်ချင်းဖိနှိပ်နိုင်ခဲ့တယ်
တကယ်လို့ အဲ့ဒီလူက တရား၀င်accountမရှိတဲ့လူဖြစ်နေရင်တောင် သူကတကယ်ကိုအံ့သြစရာကောင်းတဲ့လူ ဖြစ်နေတုန်းပဲလေ
~မြင်လား အဲ့ဒီလိုလူမျိုးကမှ ငါတို့အသားလုံးလေးရဲ့ နောက်ခံအင်အားဖြစ်ပေးဖို့ ထိုက်တန်တဲ့လူပဲ~
ရှီရှန်းရဲ့ "goodnightပါ ကိုကိုလေးလုချင်းယွင်" ဆိုတဲ့postကို shareပြီးတော့ဖန်းလီချိုးနဲ့ စုရီရိုးတို့ကပါ postအသစ်တင်ထားကြတယ်
ဖန်းလီချိုး : အကိုကြီးရေ ကျွန်မကိုလည်း စပွန်ဆာမပေးချင်ဘူးလား
စုရီရှိုး : အကိုကြီးရေ ကျွန်တော့်ကို လစာလေးမပေးချင်ဘူးလား
သူတို့၂ယောက်ရဲ့ share postတွေကြောင့် onlineပေါ်မှာ ဂယက်ထသွားရပြန်တယ်
ဖန်းလီချိုးမှာ fanတွေအများကြီးရှိတယ် သူတို့က သူမရဲ့ postကိုမြင်တဲ့အခါမှာတော့ ဘာမှမပြောတတ်လောက်အောင် ဖြစ်သွားရတယ်
[ ဘုရားရေ ငါတို့ရဲ့နတ်ဘုရားမဖန်းက weiboမှာ postတင်ပြီးတော့တောင် စပွန်ဆာတောင်နေပါ့လား အမကြီးရေ နင်လေးက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့လူဆိုတာ ငါတို့သိပါတယ် ဒါပေမယ့် နည်းနည်းလောက်ဟန်ဆောင်ပေးလို့မရဘူးလား ]
[ စုရီရှိုးက ရုံကျန်း အင်တာတိန်းမန့် ရဲ့ သူဌေးမဟုတ်ဖူးလား သူလိုလူကတောင် လစာပေးဖို့တောင်းပန်ရတယ်ဆိုရင် လုချင်းယွင်က boss တွေအထက်က big bossကြီးပေါ့ ဘုရားရေ ငါနားမလည်နိုင်တော့ဘူး လောကကြီးကဘာတွေဖြစ်နေတာလဲ တစ်ယောက်ယောက်ငါ့ကို လာမရှင်းပြချင်ဘူးလား လုချင်ယွင်ဆိုတာ တကယ်ပဲဘယ်လိုလူများပါလိမ့် ]
အချို့လူတွေက လုချင်းယွင်အကြောင်းကိုစုံစမ်းချင်ပေမဲ့ လက်တွေ့မှာတော့ ဘာကိုမှမဖော်ထုတ်နိုင်ခဲ့ဘူး
အဲ့ဒီအကောင့်ကလည်း profileပုံတင်မထားဘဲနဲ့ လုချင်းယွင်ဆိုတဲ့ နာမည်တစ်ခုနဲ့သာ ဖွင့်ထားတယ် .သူတို့က ဘယ်လိုဆက်ပြီးတော့စုံစမ်းရဦးမှာလဲ
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...