➡️Unicode
ရွှီချန်ယွဲ့ကနန်ကုန်းအိမ်တော်ရဲ့ပုံစံကိုအလွတ်နေရပြီဖြစ်လို့ရှီရှန်းအတွက်လဲချူးထန်းကိုသုံးလွှာမှာရှိတဲ့နန်ကုန်းကျင်းရဲ့အိပ်ခန်းဆီခေါ်သွားဖို့လွယ်ကူတယ်
"ချန်ယွဲ့ အင်!!!ဒါက ဘယ်သူလဲ?" ၃လွှာမှာရှိနေတဲ့လန်ရွှယ့်ကချူးထန်းကိုမြင်လိုက်တော့ အံ့သြသွားတယ်
~ဒီလူက မိုက်လိုက်တာ. နန်ကုန်းကျင်းမိုက်တာထက်အဆတစ်သောင်းလောက်ကိုပိုမိုက်တယ်.ဒီလောက်လန်းတဲ့လူကိုငါအခုမှဘာလို့မြင်ရတာလဲ~
လန်ရွှဲ့ရဲ့အပြုအမူကိုမြင်လိုက်တဲ့အခါမှာ ချူးထန်းကခပ်ရွဲ့ရွဲ့ပြုံးလိုက်တယ်
အဲ့ဒီအပြုံးတစ်ချက်ကလူတစ်ယောက်ကိုရူးရူးမိုက်မိုက်ဖြစ်သွားစေနိုင်လောက်အောင်မှော်ဆန်လွန်းတယ်ရှီရှန်းကချူးထန်ရဲ့ရှေ့မှာရပ်နေတာဖြစ်ပြီးသူ့ကိုနောက်ကျောပေးထားတာဖြစ်လို့ ချူးထန်ရဲ့မျက်နှာအမူအရာကိုမမြင်လိုက်ရဘူး
တကယ်လို့ရှီရှန်းသာသူ့မျက်နှာကိုမြင်လိုက်ရင် "နှာဘူး!!!!!" လို့ပြောလိုက်မိမှာအသေအချာပဲ"ငါနန်ကုန်းကျင်းကိုရှာမတွေ့လို့ အခုသွားရှာတော့မလို့လုပ်နေတာလေ နင်ရောလိုက်အုံးမလား" ~လူများလေမျက်မြင်သက်သေများလေပဲပေါ့~
ချူးထန်လိုခပ်မိုက်မိုက်ယောက်ျားတစ်ယောက်လဲရှိနေတာဖြစ်လို့ လန်ရွှယ့်ကတုံ့ဆိုင်းခြင်းမရှိပဲ သဘောတူလိုက်တယ်
"Um. Hi ကျွန်..ကျွန်မကလန်ရွှယ့်ပါ"
လန်ရွှယ့်အခုဖြစ်နေတဲ့စိတ်ကိုသာ ရှီရှန်းသတိမထားမိဘူးဆိုရင်သူမတကယ်ကိုတုံးအတဲ့လူဖြစ်သွားလိုက်မယ်
~လန်ရွှယ့်ရေ နင်ကြွေနေတဲ့ဒီလူက နှာဘူးအကြီးစားနော် နင်တော်တော်သတ္တိရှိတာပဲ~ရှီရှန်းကသူ့ကို နှာဘူးလို့သတ်မှတ်ထားတာကိုသိရင် "ငါလဲဘာမှမလုပ်ပဲနဲ့ ဘာကိစ္စနှာဘူးအကြီးစားဖြစ်သွားရတာလဲ"ဆိုပြီးသူ့အော်ငိုသွားလောက်မယ်
ရှီရှန်းကသူမနောက်မှာရှိနေတဲ့လူတွေကိုလျစ်လျူရှုထားပြီး နန်ကုန်းကျင်းရဲ့အခန်းနားကိုသာ အလျင်အမြန်သွားနေလိုက်တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...