➡️Unicode
နန်ကုန်ကျင်းကလျင်လျင်မြန်မြန်ရောက်လာခဲ့တယ်။.
လင်းဟောက်ကသူနဲ့စကားပြောတဲ့လူတွေအနားကထွက်လာခဲ့ပြီးနေရာအနှံ့စုရီရီကိုလိုက်ရှာနေတာနဲ့ပဲအလုပ်ရှုပ်နေတယ်။
လင်းဟောက်နဲ့နန်ကုန်ကျင်းကိုwaiterတစ်ယောက်က စုရီရီ နားနေခန်းကိုလျှောက်သွားတာတွေ့လိုက်တယ်လို့ပြောလိုက်မှပဲ နှစ်ယောက်လုံးက နားနေခန်းကိုအလျင်အမြန်ပြေးသွားကြတယ်
ရှီရှန်းကလည်းအခွင်အရေးကိုလက်လွှတ်မခံဘဲသူတို့နောက်ကနေလိုက်သွားလိုက်တယ် ရှောင်ဝေလည်း ခနလောက်တော့တုန်လှုပ်သွားပေမယ့် စုရီရီကိုစိတ်ပူလာပြီးလိုက်ရှာခဲ့တယ်.
သူမသာစုရီရီရဲ့ဖုန်းနဲ့ နန်ကုန်းကျင်းဆီကိုစာမပို့ခဲ့ဘူးဆိုရင်ဒီကိစ္စမှာပါနေမှာမဟုတ်ဘူး။ ရှီရှန်းနဲ့ရှောင်ဝေတို့က နန်ကုန်းကျင်းတို့နောက်ကိုလိုက်သွားပြီးတဲ့နောက်မှာ စုရီရီကိုဆေးခတ်ခိုင်းတဲ့မိန်းကလေးက မူးလဲဟန်ဆောင်လိုက်တာကြောင့် လူတွေကသူမကို နားနေခန်းထဲကို တွဲပို့ဖို့ ပြင်ဆင်လိုက်ကြတယ် ဒီမှာကနားနေခန်းတွေအများကြီးရှိတယ်
လူတိုင်းကပင်ပန်းလာပြီဆိုရင် ကြိုက်တဲ့နားနေခန်းကိုသွားပြီးအနားယူနိုင်တယ်
နန်ကုန်ကျင်းက စုရီရီက နားနေခန်းတစ်ခုမှာဆိုတဲ့စာတစ်စောင်သာရခဲ့ပြီး ဘယ်အခန်းလဲဆိုတာတိတိကျကျဖော်မပြထားလို့ တစ်ခန်းပြီးတစ်ခန်းဝင်စစ်ဆေးနေရုံဘဲရှိတယ်
နန်ကုန်ကျင်းနဲ့လင်းဟောက်ရဲ့ပြာယာခတ်နေတဲ့ပုံစံကို နားနေခန်းတိုင်းကလူတွေကအာရုံစိုက်မိလာကြတယ်စုရီရီက နောက်ဆုံးနားနေခန်းကိုရည်ရွယ်ချက်ရှိရှိခေါ်သွားခံရတာဖြစ်လို့ အခြားနားနေခန်းမှာရှိတဲ့သူတွေကလည်းဘာဖြစ်နေတာလဲဆိုတာ ကြည့်ဖို့ထွက်လာကြတယ်
နောက်ဆုံးအခန်းရဲ့တံခါးနားရောက်တဲ့အခါမှာတော့ အခန်းထဲကနေ ညည်းညူနေတဲ့အသံထွက်လာခဲ့တယ်
နန်ကုန်ကျင်းကတံခါးနားမှာခနလောက်ကြောင်သွားပြီး အထဲကမြင်ကွင်းကို စိုက်ကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ရတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...