➡️Unicode
ချူးထန်ထွက်သွားတော့ ချက်လက်မှတ်က ရှီရှန်းတို့အိမ်မှာကျန်နေခဲ့တယ်
ရှီရှန်းက ချက်လက်မှတ်တွေကိုကောက်ယူလိုက်ပြီး ~ငါသူ့ကို အိမ်မှာအလကားခေါ်ထားနိုင်လိုက်တယ်ထင်တယ် ကြည့်ရတာငါလေးမြတ်သွားသလိုပဲ~
ရှီရှန်းကချူးထန်ကို၀ယ်ထားဖို့အစီအစဥ်တကယ်မရှိခဲ့ဘူး
ချူးထန်ရဲ့အရည်အချင်းနဲ့ဆိုရင် တကယ်လို့သူလမ်းခွဲချင်တဲ့အခါ ရှီရှန်းဘက်ကဘာမှလုပ်လိုက်နိုင်မှာမဟုတ်ဘူး
အဲ့လိုမျိုးသာဆိုရင်တော့ သူ့ရဲ့စကားမတည်မှုအတွက် ရှီရှန်းသူ့ကိုရွံရှာလို့ကိုဆုံးမှာမဟုတ်ဖူး.ဒါပေမယ့်systemရဲ့တွန်းအားပေးမှုကြောင့်ရှီရှန်း ချူးထန်ဆီကိုmessageပို့ရတော့တယ်.သူမရဲ့ဂရုစိုက်မှုတွေကိုဖော်ပြရင်းပေါ့
အချိန်အများစုမှာတော့ချူးထန်က သူမကိုreplyမပြန်ပေမယ့် စာကားလုံးနဲနဲပါတဲ့စာတိုကိုတော့ရက်ရက်ရောရောပြန်ပို့လေ့ရှိပါတယ်."မသေချင်စမ်းပါနဲ့"
ဟုတ်ပါတယ် ချူးထန်ကအမှန်တကယ်ကို အဲ့လိုပို့လိုက်တာပါ
.ရွှီချန်ယွဲ့ရဲ့အဖေက နန်ကုန်းကျင်းတို့ရဲ့companyနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းလိုက်တယ်.နန်ကုန်းမိသားစုက ဆုံးရှုံးမှုတွေခံစားရပေမယ့် ဘာမှမတုံ့ပြန်ရဲဘဲငြိမ်ခံနေခဲ့တယ်.ရွှီချန်ယွဲ့ကလည်း သူ့ကိုခပ်ခွာခွာနေလိုက်ပြီဖြစ်လို့ နန်ကုန်းကျင်းကလည်းရွှီမိသားစုကို ဒုက္ခပေးစရာအကြောင်းမရှိတော့ဘူး.
အဲ့ဒါကြောင့်အခုလောလောဆယ်မှာရှီရှန်းအတွက်နေရထိုင်ရလွယ်ကူနေတယ် .
ဒါပေမယ့် ရှီရှန်းကနန်ကုန်းကျင်းကိုဒီတိုင်းလွှတ်ပေးလိုက်ဖို့အစီအစဥ်တော့မရှိဘူး.Companyက ပြသနာတွေကိုဖြေရှင်းပြီးသွားတဲ့အခါမှာ ရွှီသခင်မကြီးက အိမ်တော်ကိုပြန်လာခဲ့တယ်.
သူမကကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့အမျိုးသားနဲ့သမီးရှေ့မှာကျတော့ နူးညံ့တဲ့ဇနီးကောင်း မိခင်ကောင်းတစ်ယောက်ရဲ့အသွင်ကိုသာပြပြီး တင်းမာပြတ်သားပြီးမာနကြီးတဲ့အသွင်တစ်စက်လေးမှထုတ်မပြဘူး.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...