➡️Unicode
ရှီရှန်းက သူမရဲ့လူတွေကို ကျန်းမိသားစုကိုစောင့်ကြည့်ဖို့လွှတ်ထားတာမို့လို့ သူတို့ဘက်က ဘာလုပ်လုပ် သူမကအကုန်ပြန်သိရတယ်
ဟူရှိုးကို သူတို့ကိစ္စနဲ့ပတ်သတ်ပြီး အကူအညီတောင်းတဲ့အခါ သူက တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်တယ်.ရှရွှမ်းရဲ့ကိစ္စကြောင့်မို့လို့ သူ့ရဲ့ studioက လူသိများလာခဲ့ရတာဖြစ်တယ. အခုဆိုရင်သူ့သတင်းတွေရဲ့တန်ဖိုးကလည်း မြင့်သည်ထက်မြင့်လာတယ်.
သူက တခြားလူတွေရဲ့တောင်းဆိုမှုကို သိပ်လက်ခံလေ့မရှိပေမယ့် ရှီရှန်းကတော့ တခြားလူတွေနဲ့ကွဲပြားတယ်. ရှီရှန်းကြောင့်သာသူက ဒီလိုနေရာမှာရပ်တည်နိုင်လာခဲ့တာ ဖြစ်တယ် .
ဒါကြောင့်မို့သူက ရှီရှန်းကိုကူညီဖို့ဆိုရင် ဘာကိစ္စကိုမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်.
ဟူရှိုးက သတင်းထောက်အချို့ကိုခေါ်ပြီး ကျန်းယွမ်ဆီကို သွားတွေ့ခိုင်းတယ်.ဒီသတင်းထောက်အများကြီးကို မြင်လိုက်ရတဲ့ အခါမှာ ကျန်းယွမ်က စိတ်လှုပ်ရှားသွားပြီး ရှီရှန်းကို အလဲထိုးနိုင်တော့မယ်လို့ ထင်လိုက်တယ်
~အရည်အချင်းတချို့ရှိနေရင်တောင် သူမက မိန်းမတစ်ယောက်ပဲလေ ဒီလိုမိရိုးဖလာနိုင်ငံမျိုးမှာ သစ္စာမဲ့ခြင်း၊သားသမီး၀တ္တရားမကျေပွန်ခြင်း၊လူသားမဆန်ခြင်း နဲ့ မရိုးဖြောင့်ခြင်းတို့က အပြစ်ကြီးတွေပဲ ဒီထဲကတစ်ခုခုကိုချိုးဖောက်မိမယ်ဆိုရင် လူအများရဲ့ အပြစ်တင် ပြောဆိုခြင်းကိုခံရလိမ့်မယ်~
ကျန်းယွမ်ကသူ့အတွေးထဲမှာ သူပျော်နေတယ် အနုပညာလောကက ဘယ်လိုနေရာမျိုးလဲဆိုတာကို သူနားမလည်ဘူ. သူ့ရဲ့မွေးရပ်မြေမြို့ငယ်လေးနဲ့ ဘယ်လိုယှဥ်တွေးလို့ရနိုင်မှာ လဲ !
ကျန်းကျိန်ကျိန်က ဒီကိစ္စနဲ့ပတ်သတ်ပြီးသံသယဖြစ်တာကြောင့် နည်းနည်းလောက်တုန့်ဆိုင်းသွားခဲ့ပေမယ့် သူ့အဖေကို မတားခဲ့ဘူး.သူတို့တွေက သတင်းတွေကိုစောင့်နေခဲ့ပေမယ့် ဘာမှမတက်လာပြန်ဘူး .နောက်တစ်ရက်စောင့်တယ် .ဘာမှတက်မလာသေးဘူး နောက်ထပ် ထပ်စောင့်တယ်.ဘာမှတက်မလာသေးဘူး
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...