Arc-3.17

1.6K 321 24
                                    

°°°Unicode °°°

ဖုန်းစီနိုးလာတဲ့အချိန်မှာ ရှီရှန်းက ၀င်​ပေါက်ရဲ့အပြင်ဘက်မှာရပ်​နေပြီး အ​ပေါ်ကို​မော့ကြည့်​နေတယ်

"​ရှောင်ရှူ.."

သူမကိုမြင်တဲ့အခါမှာ ဖုန်းစီက ​မြေကြီး​ပေါ်က​နေထလာပြီး လျှပ်စီးလိုအမြန်နှုန်းနဲ့ ရှီရှန်းကို​​နောက်​ကျောက​နေပြေးဖက်လိုက်တယ်

"​တော်​သေးတာ​ပေါ့ မင်းဘာမှမဖြစ်လို့ "

ရုတ်တရပ် မပြင်ဆင်ထားမှု​ကြောင့် ရှီရှန်းက ပြင်းပြင်းထန်ထန်​ ချောင်းဆိုးလိုက်ပြီး ​​လေထုထဲမှာ ဖျော့​တော့တဲ့ ​သွေးနံ့တစ်ချက် ပျံ့နှံ့သွားတယ်

"ဘာဖြစ်တာလဲ"

ဖုန်းစီက ရှီရှန်းကို့ သူ့ဘက်ဆွဲလှည့်လိုက်တယ်

"မင်းမျက်နှာက ဘာလို့အရမ်း​ဖျော့​တော့​နေရတာလဲ  မင်းရဲ့ကျင့်ကြံဆင့်​တွေ.ဘယ်ရောက်ကုန်တာလဲ အဲ့ဒီ့လူ​တွေ​ကြောင့်လား...မ​ကြောက်နဲ့ ​ရှောင်ရှူ ..ကိုယ်မင်းအတွက် သူတို့ကိုလက်စား​ချေပေးမယ်..မင်း သူတို့ကို ဘယ်လိုနည်းနဲ့​သေ​စေ​ချင်လဲ..ကိုယ့်ကို​ပြော..ကိုယ်​မင်းဖြစ်​စေချင်တဲ့အတိုင်း လုပ်​ပေးမယ် "

ရှီရှန်းက ပင့်သက်ရှိုက်ပြီး ဖုန်းစီကို​မော့ကြည့်လိုက်တယ်

သူမက စကားမ​ပြောနိုင်​သေးတာ​ကြောင့် အ​ပေါ်ဘက်ကိုသာ လက်ညွှန်ပြလိုက်တယ်.

ဖုန်းစီရဲ့ နီညို​ရောင်မျက်လုံး​တွေက စိုးရိမ်ပူပန်မှု​တွေနဲ့ အပြည့်ဖြစ်​နေပြီး ရှီရှန်းကို နားမလည်စွာ ကြည့်​နေတယ်.

ရုတ်တရပ် ရှီရှန်းရဲ့ ခန္ဓာကိုယ်ကတုန်ရီသွားပြီး ဖုန်းစီကို ​ဘေးဘက်တွန်းလိုက်တယ်.

​လေးလံတဲ့အရာ၀တ္ထုတစ်ခု​​က သူမတို့ခုနကမြေပြင်ပေါ်ပြုတ်ကျလာတဲ့အသံကို ကြားလိုက်ရတယ်

ရှီရှန်းရဲ့​နောက်​ကျောက ​မြေကြီးမှာကပ်​နေပြီး ဖုန်းစီရဲ့ခန္ဓာကိုယ်ကသူမကို ဖိမိထားတယ်

သူ့ရဲ့​အေးစက်​နေတဲ့နှုတ်ခမ်းက ရှီရှန်းရဲ့နှုတ်ခမ်းဖျားကိုထိမိ​နေတယ် ..

Final Boss Is No JokeHikayelerin yaşadığı yer. Şimdi keşfedin