Arc-3.14

1.5K 300 1
                                    

°°°Unicode°°°

နောက်တစ်နေ့မှာ ချူးနဥ်က မြူခိုးတောင်ဂိုဏ်းသားအချို့ကို ခေါ်ပြီး ယဲ့ချင်ချိုးရဲ့တံခါးနားကို ရောက်လာတယ်.

သူမက ယဲ့ချင်ချိုးရဲ့ ဒီအခြေအနေကိုလက်ပူးလက်ကြပ် ဖမ်းမိချင်ပေမဲ့ တံခါးကိုလာဖွင့်တဲ့သူက သူ့အကိုဖြစ်နေမယ်လို့မျှော်လင့်မထားဘူး

"အကိုကြီး..အကို"

ချူးနင်ကအထဲကို လက်ညှိုးထိုးပြီး ချူးယဲ့ကို လက်ညှိုးထပ်ထိုးလိုက်တယ်

'အကိုကြီးက ဘာလို့ဒီနေရာကိုရောက်နေရတာလဲ ငါစီစဥ်ထားတာတွေ ဘယ်လိုဖြစ်ကုန်တာလဲ အဲဒါအကိုကြီး ဖြစ်ရမှာမဟုတ်ဘူးလေ'

ချူးနဥ်က ကြောက်ကြောက်လန့်လန့် အထဲကိုဝင်လာပြီးတော့ ချူးယဲ့လက်ကို ဆွဲပြီးမေးလိုက်တယ်.

"အကိုကြီးဒီမနက်မှ ဒီကိုရောက်တာမလား...ဟုတ်တယ်မလား"

ချူးယဲ့ရဲ့နားတွေက နီရဲနေတယ် ညတုန်းကဖြစ်ပျက်ခဲ့တာတွေ ပြန်တွေးကြည့်လိုက်ရင် အကုန်လုံးက မထင်မှတ်ထားတာတွေချည်းပဲ

ပြီးတော့အဲဒါတွေက မေ့ပျောက်ဖို့အရမ်းကိုခက်ခဲလွန်းတယ်. ဖြစ်ပျက်ခဲ့တာကလည်း သူချစ်တဲ့မိန်းကလေးနဲ့လေ

ချူးနဥ်ရနောက်ကိုလိုက်လာတဲ့ ဂိုဏ်းသားတွေက ဘာတွေဆက်ဖြစ်နေလဲ ခန့်မှန်းမိကြတယ်.

'ချူးယဲ့က ယဲ့ချင်ချိုးကိုကြိုက်တာ လူတိုင်းသိတယ် ဒါပေမဲ့ယဲ့ချင်ချိုးဘက်က သူနဲ့ပတ်သက်ပြီး ဘာခံစားချက်ကိုမှ ထုတ်ဖော်မပြောပြဖူးဘူး. ဘာလို့သူတို့နှစ်ယောက်က အတူတူအိပ်ခဲ့ကြတာလဲ'

အခန်းထဲမှာ ယဲ့ချင်ချိုးကအိပ်ရာပေါ်မှာထိုင်နေပြီးတော့ သူမ ဒူးထောက်ခိုင်းထားတဲ့ချူးယဲ့ကို ကြည့်နေတယ်. ချူးယဲ့ကတော့ ဘယ်သူ့ဘက်လိုက်ရမလဲ စဉ်းစားနေတယ် သူ့ညီမလေးလား? သူချစ်ရတဲ့သူလား?

"ယဲ့ချင်ချိုး!! နင်ဒီအတွက် ဆိုးဆိုးဝါးဝါးသေရမယ်..,နင့်မှာအစွမ်းရှိရင် ထွက်လာစမ်းပါ"

ချူးနဥ်ရဲ့အသံတွေက အော်ပါများလို့ အက်ကွဲလာတယ်

"ငါနင့်ကိုအလွတ်မပေးဖူး ငါသေရင်တောင်မှပဲ!! သောက်ချီးး!! နင်ငါ့အကိုကို ဖြားယောင်းရဲတယ်ပေါ့"

Final Boss Is No JokeWhere stories live. Discover now