°°° Unicode °°°
အဲဒီသေမင်းတမာန်ဓားအကြောင်းကို ပြောရမယ်ဆိုရင် သူကကောင်းကင်ဘုံလက်နှက်တော့မဟုတ်ဘူး
ဒါပေမဲ့ သိပ်ပြီး တော့မထင်ရှားတဲ့ ဖျက်ဆီးနိုင်စွမ်းမြင့်မားတဲ့ မိစ္ဆာလက်နက်ဖြစ်တယ်
ဒါက အရမ်းကိုနာမ်မည်ကြီးကျော်ကြားတဲ့ကောင်းကင်ဘုံက လက်နက်တွေထက်စွမ်းအားမနိမ့်ဘူး.
ပြီးတော့ ဒီမိစ္ဆာလက်နက်ဖြစ်နေရင်တောင်မှာ လူတွေက သူ့ကိုလိုချင်လွန်းလို့ တိုက်ခိုက်လေ့ရှိကြတယ်. အဲလိုတိုက်ခိုက်ခဲ့တာကြောင့်လူထောင်ပေါင်းများစွာ သေခဲ့ဖူးတယ်
ကျင့်ကြံခြင်းလောကမှာ ဒီလက်နက်ကြောင့်သွေးချောင်းစီးမှုတွေ အများကြီးဖြစ်ခဲ့တယ်အဲလိုတွေဖြစ်ခဲ့တာကြောင့် ကောင်းကင်ဘုံက ဂိုဏ်းသားတွေက ဒီဓားကိုချိပ်ပိတ်ခဲ့တယ်.
အဲဒီတုန်းက သူတို့ကဖျက်ဆီးဖို့အထိ လုပ်ခဲ့ပေမယ့်. ဒီဓားက လွယ်လွယ်ဖျက်ဆီးလို့မရဘူး.သူတို့မဖျက်ဆီးနိုင်လို့ ချိတ်ပိတ်ရုံလောက်ပဲလုပ်ခဲ့ကြတယ်
ဒါပေမဲ့သိပ်မကြာခင်မှာပဲဒီသေမင်းတမာန်ဓားပေါ်လာတယ်. ရှီရှန်းကလည်းဒီဓားပေါ်လာတဲ့နေရာမှာရှိနေတယ်.
သူမကလူတွေအများကြီးအုံပြီး လိုချင်နေရလောက်အောင် အဲဒီဓားကဘယ်လောက်တောင် စွမ်းနေတယ်ဆိုတာကိုသိချင်ရုံလောက်နဲ့ပဲသွားခဲ့တာ.
ဒါပေမဲ့ သူမတကယ်ရလာလိမ့်မယ်လို့ မထင်ထားဘူး
မူရင်းဇာတ်ကြောင်းမှာ ဒီဓားက ပေါ်လာပေမဲ့ရသွားတဲ့သူက.ယဲ့ချင်ချိုးရဲ့ရန်သူဖြစ်တယ်
'ဒီတော့....ဒီဇာတ်ကြောင်းက ငါ့ကိုသေလမ်းကိုပို့နေတာလားးး....ငါ့ကိုယ်ငါ သောက်ရေးမပါတဲ့သူလို့ ခံစားလာရသလိုပဲ!!!'
.........
ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲက ကျင်းပတော့မှာဖြစ်လို့ နေရာအနှံက ကျင့်ကြံသူတွေကကျင်းပမယ့် ထုန်းထောင်ဂိုဏ်းကို ဦးတည်သွားနေကြတယ်
ဒီအခြေအနေမှာ ဂိုဏ်းတွေအားလုံးက သူတို့ရဲ့ဓားပျံတွေကို စီးပြီးတော့ သွားနေ့ကြတာကို စုံစုံညီညီတွေ့နိုင်တယ်
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...