➡️Unicode
ရှီရှန်းရဲ့ complainတက်မှုက မအောင်မြင်တဲ့အတွက် လူသစ်လေး၄ယောက်ကိုပါ ရှိုးကိုခေါ်လာခဲ့ရတယ်
ရှီရှန်းခေါ်လာတဲ့အဖွဲ့မှာ လူ၄ယောက်ပါပြီးတော့ မိန်းကလေး၂ယောက် ယောက်ျားလေး၂ယောက်ပါ၀င်တယ်
ဒီလို အဖွဲ့ဖွဲ့စည်းပုံက အောင်မြင်ဖို့အခွင့်အရေးသိပ်မရှိတာမို့လို့ အခုခေတ်မှာမြင်ရခဲတယ်
ဒါပေမယ့် ရှီရှန်းတို့companyကတော့ ဒီအဖွဲ့ကိုသေချာဆုံးဖြတ်ပြီးမှ ဖွဲ့စည်းပေးထားတာဖြစ်ပြီး ၄ယောက်လုံးက ရုပ်ရည်ချောမောကြတယ.
အချိန်အတော်ကြာအောင် အတူတကွလေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူတို့၄ယောက်က အချင်းချင်းနားလည်လာကြပြီး ကူညီရိုင်းပင်းစိတ်လည်း ရှိကြတာကြောင့် companyက ဒီအဖွဲ့ကို ပွဲထုတ်ပေးလိုက်ခဲ့တယ်
ရှိုးရဲ့ဒါရိုက်တာက ရှီရှန်းကို အပြေးအလွှားလာနှုတ်ဆက်ပြီး သူမနဲ့ပါလာတဲ့ လူသစ်လေး၄ယောက်ကို မြင်တဲ့အခါမှာတော့သူ့မျက်လုံးတွေ အရောင်လက်သွားတယ်
"ရှောင်၀မ်....မင်းရောက်ပြီလား...အိုးဟိုးဟိုး လက်စသတ်တော့ ရှောင်၀မ်က လူသစ်လေးတွေခေါ်လာတာကိုး...."
~ဒီကလေးတွေက တော်ရုံတန်ရုံလှတာမဟုတ်ဖူးဟ!!!!!~
"အင်း...သူတို့တွေ အတွေ့အကြုံယူရအောင်လို့ ခေါ်လာပေးတာ"
ရှီရှန်းက နှစ်ဖက်လူတွေကို,မိတ်ဆက်ပေးလိုက်တယ်
"သူက ဒီအစီအစဥ်ရဲ့ ဒါရိုက်တာလင်းပဲ
ဒါရိုက်တာလင်း..... သူတို့က ကျွန်မတို့companyက လူသစ်လေးတွေ
ဟန်လင်း ,ဖန်ကျင်းယွီ,ယန်းကျဲ့ နဲ့ ကျန်းမင် တို့ပါ ""မင်္ဂလာပါ ဒါရိုက်တာလင်း"
အသစ်လေးတွေက ချစ်စရာကောင်းစွာနှုတ်ဆက်လိုက်ကြတယ်
"ကောင်းတယ် ..., သိပ်ကောင်းတယ်"
ဒါရိုက်တာလင်းက ရယ်မောပြီး ခေါင်းငြိမ့်လိုက်တယ်.သူက ချောမောတဲ့ သရုပ်ဆောင်အသစ်လေးတွေရှာတဲ့နေရာမှာ အဆင်မပြေလို့ စိုးရိမ်နေခဲ့ရတာ အခုတော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာကြပါလား
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...