°°°Unicode°°°
ချူးနဥ် ထွက်သွားပြီး နောက်တစ်ရက်မှာ သူမသေသွားပြီဆိုတဲ့ သတင်းတွေစပြန့်လာတယ်.
ချူးယဲ့ ကသူမအတွက် ခံစားချက်အချို့ ကျန်ရှိနေသေးတဲ့အတွက် သူမအသတ်ခံလိုက်ရကြောင်း ကြားရတဲ့အခါမှာ တော်တော်စိတ်ထိခိုက်သွားရတယ်
ယဲ့ချင်ချိူးက ချူးယဲ့ကို အခြားတစ်နေရာဆီခေါ်သွားဖို့ ဂိုဏ်းသားတွေကို စေခိုင်းလိုက်ပြီး အလောင်းကိုအုပ်ထားတဲ့အ၀တ်စကို သံသယဖြစ်စွာ ကြည့်လိုက်တယ်.
'ချူးနဥ်ရဲ့အလောင်းကို ငါ သေသေချာချာရှင်းပစ်လိုက်ရဲ့သားနဲ့ အလောင်းက ဒီကိုဘာလို့ရောက်လာပြန်ရတာလဲ မဟုတ်မှလွဲရော ငါ ချူးနဥ်ကို သတ်လိုက်မှန်း တစ်ယောက်ယောက်က သိသွားပြီး ခြိမ်းခြောက်ချင်လို့များလား....ဘယ်သူများဖြစ်နိုင်မလဲ....'
ယဲ့ချင်ချိုးက အခန်းထဲကို စိတ်ဒုက္ခရောက်နေတဲ့မျက်နှာနဲ့ ပြန်၀င်သွားတဲ့အခါ ချူးယဲ့က အခန်းအလယ်မှာထိုင်နေတယ်
ချူးယဲ့ရဲ့ နာကျင်နေပုံရတဲ့ မျက်၀န်းတွေကိုမြင်တဲ့အခါမှာ ယဲ့ချင်ချိုးက နှလုံးရပ်မလိုဖြစ်သွားပြီး သူ့ရှေ့ကို ဆက်မလျှောက်လာရဲတော့ဘူး
ချူးယဲ့ ရဲ့ မျက်လုံးတွေက နီရဲနေပြီး ယဲ့ချင်ချိုးကိုတွေ့တဲ့အခါမှာ သူမဆီ ပြေးလာပြီး ပွေ့ဖက်လိုက်တယ်
"ဂိုဏ်းချုပ်..."
ချူးယဲ့က သူမကို သံသယ၀င်မနေမှန်း သိမှသာ တောင့်တင်းနေတဲ့ခန္ဓာကိုယ်က ပြေလျော့သွားပြီး သူ့ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်တယ်
"သူက ကျွန်မအပေါ် မကောင်းကြံခဲ့တယ်ဆိုပေမယ့်လည်း ရှင့်ကိုကူပြီး သူမအတွက် လက်စားချေပေးပါ့မယ် "
ချူးယဲ့က ခန့်ညားတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်ရာထဲ စွမ်းရည်ကလည်းအတော်ကို ကောင်းမွန်တယ်. ယဲ့ချင်ချိုးက သူ့ကို မနှစ်သက်တာတော့မဟုတ်ပေမယ့် ခပ်ခွာခွာပဲနေလေ့ရှိခဲ့တယ်
ဒါပေမယ့် အခုတော့ သူတို့က အတူတောင်အိပ်ပြီးနေပြီဆိုမှတော့ ဘာတွေစောင့်ထိန်းနေစရာလိုအုံးမလဲ

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...